စနေဂြိုဟ်
ကျွဲ၊မြင်း၊ဆင်၊ခြေထောက်မရှိပဲတွားသွား၍သွားသောအကောင်များ၊ ဆီ၊ကာမစပ်ယှက်ရာလွန်ကဲခြင်း၊ လယ်ယာကိုင်းကျွန်း၊ မြေအားလုံးမှထွက်သောစပါး၊အသီးအနှံ အပွင့်၊အဖူး၊ သစ်ရွက်၊သစ်ညွှန့်အားလုံး၊မြေတောင်ပို့၊ဂုံလျော်နှင့်- ရက်လုပ်သောအထည်၊တိုင်ပြည်အားလုံး၊သစ်ပင် ၊ထင်း၊ တုတ်၊ဓား၊လှံ၊သေနတ်၊လက်နက်မျိုးစုံ၊စစ်တိုက်ခြင်း၊စစ်ချီတက်ခြင်း၊ဆံပင်အမွေးအမှင်လိပ်ခေါင်းရောဂါ၊ဒူလာဝမ်းရောဂါ၊ ချွန်ထက်သောလက်နက်၊ဆူးငြောင့်စူး၍နာခြင်း၊စစ်တုရင်၊ကြွေအံကစားခြင်း၊လေးကောင်ဂျင်၊ကျားထိုးခြင်းစသောကစားနည်းမျိုးစုံ၊ ကောက်ကျစ်စဉ်းလဲသောကစားနည်းမျိုးစုံ၊မီးဘေးအန္တရာယ်၊ခရီးဝေးသွားလာသောလမ်း၊နယ်ခြား၊နိုင်ငံခြားခရီး၊အိမ်တွင်းရေးရန်ပွားခြင်း၊ဇာတ်နိမ့်ခြင်း၊ရောဂါဝေဒနာ၊အသက်သေခြင်း၊သေခြင်းတရားအကြောင်း၊ကိုယ်ခန္တာရှိသေးသွယ်သောလေကြောများ၊ချက်၊ဒုက္ခဆင်းရဲသောဒါဏ်၊အပြစ်မကင်းသောအကြံအစည်ထုပ်ခြင်း၊ ကံဆိုးမိုးမှောင်၊ တောင်သူလယ်သမားများ၊ ကျောက်တွင်းများ၊ ကျောက်မီး
သွေး၊နီလာကျောက်၊သုဿ န်၊ထောင်၊အချုပ်ခန်း၊ မည်းသော အစေ့များ၊ပိုက်ဆံလျှော်၊ဘာလီစေ့၊အကြောလျှော့စေသောဆီ၊အကြောအချဉ်ကိုက်သောရောဂါ၊သွားကိုက်ရောဂါ၊ပန်းနာ၊တီပီရောဂါ၊ ဝက်ရှုးပြန်ရောဂါ၊ဆီးအိမ်၊လက်ဖျန်ရိုး၊ ခြေသလုံး အရိုး၊ လက်ကောက်ဝတ်၊ခြေထောက်၊စိတ္တဇ ရောဂါစသည်တို့ကိုသိနိုင်သည်၊။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။ ။
ရာဟူးဂြိုဟ်
ခရီးသွားသောအချိန်အခါ၊မြွေ၊အဆိတ်ရှိသောသတ္တဝါ၊အနှောက်တောင်အရပ်၊ ညအခါ၊အိမ်ခြင်း၊အိမ်တံခါးပေါက်၊ဝင်ပေါက်ထွက်ပေါက်၊ခရီးထွက်ခြင်း၊ငံသောအရသာ၊အဝတ်အတိုအစများနှင့်ချုပ်လုပ်ထားသောအိပ်ယာခင်း၊ ခဲ၊ဖခင်ဘက်ဆိုင်ရာအဖိုး၊လေမုန်တိုင်း၊လူရိုင်း၊တောနက်ကြီး၌နေထိုင်သူ၊မီးခိုးရောင်၊အမျိုးနိမ့်သူ၊ပျောက်ကျားဖာထေးထားသောအဝတ်၊လောင်ကစားခြင်းဝါသနာ၊လေရောဂါ၊အလုပ်အကိုင်နှေးခြင်း၊နိုင်ငံခြားခရီး၊ဝမ်းရောဂါ၊အနာကြီးရောဂါ၊ဝက်ရူးပြန်ရောဂါစသည်တို့ကိုသိနိုင်သည်။ ။ ။
မှတိချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။
ကိတ်ဂြိုဟ်
အနာ၊အရေပါးနှင့်ဆိုင်သောရောဂါ၊အချဉ်အရသာ၊အမေဘက်ကဆိုင်ရာအဖိုး၊ အနာဆွေးပေါက်ခြင်း၊ဂရင်ဂျီနာ၊လိပ်ခေါင်းနာ၊အစာရေစာငတ်ပြတ်၍ဒုက္ခရောက်ခြင်း၊သူတောင်းစား ၊ခြေလက်မရှိ၍တွားသွာတတ်သောအကောင်များ၊မြေတောင်ပို့၊အမျိုးနိမ့်သူ၊မည်းနက်သောသတ္တု ၊ဆွေးမြေ့စုတ်ပြတ်၍ဆပ်ဟပ်ဖာထေးထားသောအဝတ်၊ကာလဝမ်းရောဂါနှင့်အခြားကူးစက်တတ်သောရောဂါ၊ကျောက်ရောဂါ စသည်တိုကိုသိနိုင်သည်။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။
No comments:
Post a Comment