Sunday, September 17, 2017

မွေးဖွားရာသီအ​ဟော(၁)

မိဿ       ရာသီဖွား
စိတ်​အားထက်​သန်​သည်​ ၊မင်းနှင့်​တူညီ​သောစည်းစိမ်းချမ်းသာနှင့်​ပြည့်​စုံမည်​ ၊စီးပွား​ရေး​အောင်​မြင်​မည်​ ၊ဉာဏ်​ပညာဗဟုသုတနှင့်​ပြည်​စုံမည်​ ၊ဆရာ၊မိဘကိုရို​သေ​လေးစားတတ်​သည်​ ၊အလုပ်​တစ်​ခုလုပ်​မည်​ဆို ပြီးစီး ​အောင်​ မြင်​သည်​အထိလုပ်​တတ်​သည်​၊စီးပွား​ရေး​အောင်​မြင်​မည်​၊စကား​ပြောလိမ္မာတတ်​သည်​၊ အကျင့်​စာရိတ္တ​ကောင်းတတ်​သည်

ပြိဿ       ရာသီဖွား
စိတ်​သ​ဘောထက်​မြတ်​သည်​၊ မာနကြီးတတ်​သည်​၊ဂုဏ်​ကျက်​သ​ရေရှိတတ်​သည်​၊ မည်​သည့်​ကိစ္စကိုမဆို အချိန်​ယူလုပ်​ကိုင်​တတ်​သည်​၊​ဒေါသကြီးတတ်​သည်​၊ သားသမီးအကျိုးကိုခံစားရတတ်​သည်​၊သည်းခံတတ်​သည်​ရဲစွမ်းသတ္တိ ရှိတတ်​သည်​၊မခံချင်​စိတ်​ရှိတတ်​သည်​၊သူ​တေူာ်​​ကောင်းလက္ခဏာနှင့်​ပြည်​စုံတတ်​သည်​၊ဉာဏ်​ပညာဗဟုသုတနှင့်​ပြည့်​စုံတတ်​၏။စီးပွား​ရေး အ​ခြေအ​နေ​တေင်​တင်း၍ဂုဏ်​သ​ရေအဆင့်​အတန်းမြင့်​တတ်​သည်​။အမျိုးအနွယ်​နှင့်​​ဆွေမျိုးသားချင်းတို့၏ဂုဏ်​ကိုမြင့်​တင်​​ပေးသူဖြစ်​တတ်​သည်​။အ​မြှော်​အမြင်​ဉာဏ်​ပညာရှိသည်​၊စီးပွားရှာ​ဖွေရတွင်​ကျွမ်းကျင်​မည်​။ 

မေထုန်​ရာသီဖွား
အ​ခြေအ​နေခိုင်​မြဲ​သော လုပ်​ငန်းကိုကြံစည်​တတ်​သည်​အဆုံးအဖြတ်မြန်လွန်း၍အမှားအယွင်းရှိတတ်​သည်​။စိတ်​ကူးယဉ်​တတ်​သည်​။စီးပွား​ရေးကံညံ့တတ်​သည်​။စိုးရိမ်​စိတ်​များတတ်​၏။စကား​ပြောကြမ်းတတ်​၏။မည်​သည့်​ကိစ္စမဆိုနက်​နက်​နဲနဲ့ဝေဖန်​ဆုံဖြတ်​၍ရည်​ရွယ်​ချက်​ချက်​ရှိသည့်​အတိုင်းမ​အောင်​မချင်းပြုလုပ်​ရင်​​အောင်​မြင်​မည်​။

ကရကဋ်​ရာသီဖွား
မွေးဖွားပြီး၁လအတွင်းပြင်းထန်း​သောဖျားနာတတ်​သည်​။စီးပွားချမ်းသာမည်​။စိတ်​ကူးယဉ်​တတ်​သည်​။အရာရာတွင်​စိတ်​​ဆောင်​သ​လောက်​အလုပ်​လုပ်​ကိုင်​ရာတွင်​​အေးစက်​စက်​ရှိတတ်​၏။စိတ်​ကူးစဉ်းစားမိသည့်​အတိုင်းစိတ်​အားထက်​သန်​စွာ​ဆောင်​ရွက်​လုပ်​ကိုင်​တတ်​သည်​။အ​ခြေအမြစ်​ခိုင်​မြဲတည်​တန့်​​သောလုပ်​ငန်​မျိုးကိုအ​ဗကာင်​ထည်​​ပေါ်​အောင်​ဇွဲရှိရှိလုပ်​ကိုင်​တတ်​သည်​သီလသမာဓိရှိ၏မည်​သည့်​ကိစ္စကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​အချိန်​ယူစဉ်းစားသဖြင့်​ဒွိဟသံသယစိတ်​​ပေါ်တတ်​သည်​။



သိဟ်​ရာသီဖွား
မင်းအစိုးရ၏ ကြည်​ညိုခြင်းကိုခံရတတ်​သည်​ ။မည်​သည့်​လုပ်​ငန်းကိုမဆိုစိတ်​အားထက်​သန်​စွာလုပ်​ကိုင်​တတ်​သည်​ ။မခံချင်​​သောစိတ်​အပြည့်​အဝရှိတတ်​သည်​။စီးပွားဥစ္စာချမ်းသာတတ်​သည်​။မည်​သည့်​ပြဿ       နာကိုမဆို​ဝေဖန်​ဆုံးဖြတ်​ရာတွင်​တိကျမှန်​ကန်​စွာ သဘဝကျကျ​ဝေဖန်​ဆုံးဖြတ်​သည်​ကြံစည်​လုပ်​ကိုင်​ရာတွင်​လည်း​ရှေ့​နောက်​​ဝေဖန်​ပြီးလုပ်​ကိုင်​တတ်​သည်​။ ဘာသာ​ရေးတရားကိုကြည်​ညို​လေးစားတတ်​သည်.။ သဘာဝနှင့်​ဆန့်​ကျင်​​သော သူကို အမှန်​တရားဖြင့်​​ဝေဖန်​၍ ပြင်းပြင်းထန်​ထန်​ အတုက်​အခံလုပ်​တတ်​သည်​။စီးပွား​ရေးကံ​ကောင်းသည်​။သားသမီး အ​ချွေအရံ​ပေါများသည်​။စိတ်​ကူးဉာဏ်​​ကောင်းသည်​။ ။


ကန်​ရာသီဖွား
စူးရှထက်​မြတ်​​သောအသိဉာဏ်​ရှိတတ်​သည်​ ရန်​သူကိုအနိုင်​ရတတ်​သည်​ ။မည်​သည့်​လုပ်​ငန်းကိုမဆိုကျွမ်းကျင်​နားလည်​​သော်​လည်းစည်းစနစ်​ကျ​အောင်​မလုပ်​တတ်​​သော​ကြောင့်​ မိမိရသင့်​ရထိုက်​​သောအခွင့်​အ​ရေး​ကောင်းများလက်​လွတ်​တတ်​သည်​။ စီးပွား​ဥစ္စာချမ်းသားရမည်​ တိုးတက်​​အောင်​မြင်​လို​သောစိတ်​ရှိ​သော်​​ကြောင့်​​အောင်​မြင်​ရမည်​ အကြံအစည်​ ပြုရာတွင်​​အေးစက်​စက်​ရှိတတ်​သည်​ ဦး​ဏှောက်​ ​အေး​အေးဖြင့်​​အောင်​မြင်​သည်​အထိလုပ်​ကိုင်​​ဆောင်​ရွက်​ရာတွင်​​အောင်​မြင်​မည်​။

တူရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်​သည်​ ။ခေါင်းမာ၏ ။မစဟုတ်​မခံစိတ်​ရှိ၍ အလုပ်​အကိုင်​အကိုင်​တို့ကိုကြံစည်​လုပ်​ကိုင်​ရာတွင်​ ​အောင်​မြင်​သည်​အထိဇွဲရှိရှိနှင့်​ကြိုးစားလုပ်​ကိုင်​တတ်​သည်​။ အခက်​အခဲနှင့်​ကြုံ​တွေ့​သောအခါ​နှောက်​ဆုတ်​ခြင်းမရှိပါ။ မိမိရည်​ရွယ်​ချက်​ထားသည့်​အတိုင်​လုပ်​ကိုင်​တတ်​သည်​။ စီးပွား​ရေးမှာ စိတ်​အားထက်​သန်​မှုရှိသည်​။စီးပွား​ရေးအခက်​အခဲ မကြာခဏ​ ရင်​ဆိုင်​ရတတ်​သည်​ ။လုံးလဝီရီယအားရှိသည်​။ မခံချင်​စိတ်​ အားကြီးတတ်​သည်​ ။မည်​သည့်​ကိစ္စကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​ထိ​ရောက်​စွာလုပ်​ကိုင်​တတ်​သည်​။

ဗြိစ္ဆာရာသီဖွား
စီးပွားဥစ္စာချမ်းသားတတ်​သည်​။ သည်းခံစိတ်​ရှိသည်​။မည်​သည့်​ကိစ္စကိုမဆို ရုတ်​တရက်​ဆုံးဖြတ်​ခြင်းမရှိပါ။ဦး​ဏှောက်​ ​အေး​အေးဖြင့်​စဉ်းစဉ်းစားစား​ဝေဖန်​ပြီး​နှောက်​လုပ်​ကိုင်​ရာတွင်​ အ​နှေးအမြန်​သ​ဘောမထားပဲမှန်​မှန်​လုပ်​ကိုင်​တတ်​သည်​။ ဘုန်းတန်​ခိုး ကြီး၍ ​ကျော်​​စောထင်​ရှားတတ်​သည်​။ မည်​သည့်​အ​ကြောင်းအရာကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရမည်​ဆိုလျှင်​သဘာဝကျကျနက်​နက်​နဲနဲ​ဝေဖန်​ဆုံးဖြတ်​ပြီးထိ​ရောက်​စွာ​အောင်​မြင်​​စေလို​သောဆန္ဒရှိသဖြင့်​စိတ်​အားထက်​ထက်​သန်​သန်​လုပ်​ကငို​တတ်​သည်​။ဂုဏ်​ကျက်​သ​ရေနှင့်​ပြည့်​စုံမည်​။ အမျိုးအနွယ်​ထဲတွင်​ထင်​​ပေါ်​ကျော်​​စောတတ်​သည်​။ သည်းခံတတ်​​သောသ​ဘောရှိ၏။သည်းမခံနိုင်​​သောအခါ​ဒေါသကြီးခြင်းကိုအပြင်​မထွက်​​စေပဲမျိုသိပ်​တတ်​ပြီးရင်​ထဲမှာပူ​ဆွေး​နေတတ်​သည်​။

ဓနုရာသီဖွား
ထက်​မြတ်​စူးရှ​သောအသိဉာဏ်​ရှိသည်​။ မိမိရည်​ရွယ်​ချက်​ထားရှိသည့်​အတိုင်းဇွဲရှိရှိနှသ်​အထ​မြောက်​​အောင်​မြင်​သည့်​အထိလုပ်​ကိုင်​တတ်​သည်​။ခေါင်းမာ၍မာနကြီးတတ်​သည်​။ စိတ်​ကူးယဉ်​သ​ဘောထားရှိ၍မည်​သည့်​ကိစ္စကိုမဆိုထထကြွကြွလုပ်​ကိုင်​​လေ့မရှိသဖြင့်​မိမိရသင်​ရထိုက်​​သောအခွင့်​အ​ရေး​ကောင်းတို့သည်​ဆုတ်​ယုတ်​သွားတတ်​သည်​။ မှားသည်​ဖြစ်​​စေမှန်​သည်​ဖြစ်​​စေတခြာသူတု့၏အကြံဉာဏ်​ကိုလက်​မခံပဲမိမိရည်​ရွယ်​ချက်​ရှိသည့်​အတိုင်​လုပ်​ကိုင်​တတ်​သည်

မကာရရာသီဖွား
စိတ်​မြန်​သ​လောက်​​ဝေဖန်​ဆုံဖြတ်​ရာတွင်​လျင်​မြန်​ခြင်းမရှိပါ။ စိတ်​တို​ဒေါသကြီးတတ်​သည်​ ထိန်းချုပ်​နိုင်​ပါသည်​။ဆရာသမားဂုဏ်​​ကျေးဇူးကိုသိတတ်​သည်​။ ​ဝေဖန်​ဆုံးဖြတ်​ရာတွင်​ငဘာဝကျကျ​ဝေဖန်​တတ်​သည်​။ မည်​သည့်​ကိစ္စကိုမဆို လုပ်​ကိုင်​ရာတွင်​ စိတ်​အားထက်​သန်​စွာဖြင့်​ထိထိ​ရောက်​​ရောက်​လုပ်​ကိုင်​တတ်​သည်​။အကျင့်​သီလ​ကောင်းသည်​။ အတိုက်​အခံစိတ်​ကင်းပြီးငြိမ်းချမ်း​ရေးကိုဦးစား​ပေးတတ်​သဖြင့်​ ပဠိပက္ခမှုကို​ပြေလည်​​အောင်​ဆုံးဖြတ်​တတ်​သည်​။ ဇွဲသတ္တိ​ကောင်းသည်​။ အ​ခြေအမြစ်​ခိုင်​မြဲ​သောလုပ်​ငန်းကိုကြံစည်​လုပ်​ကိုင်​တတ်​သည်​။ဘုရးတရားကိုကြည်​ညို​လေးစားတတ်​သည်​။

ကုမ်​ရာသီဖွား
မိမိရည်​ရည်​ရွယ်​ချက်​ရှိသည့်​အတိုင်​စိတ်​အားထက်​သန်​၍ထိ​ရောက်​စွာလုပ်​ကိုင်​တတ်​သည်​။ ဂုဏ်​ကျက်​သ​ရေနှင်​ပြည်​စုံမည်​။ ဇွဲလုံ့ လ ရှိသည်​။သားသမီးအကျိုးခံစားရတတ်​သည်​။ စဉ်းစာ​ဝေဖန်​ပြီးအလုပ်​လုပ်​ကိုင်​တတ်​သည်​။ ဉာဏ်​ပညာထက်​မြတ်​သည်​။စီးပွား​ရေးလုပ်​ကိုင်​ရတွင်​မိမိကိုယ်​ကိုယ်​ မိမိအား​ပေးပြီးလုပ်​ကိုင်​​လေရှိသည်​။သူ​တော်​​ကောင်းစိတ်​ရှိသည်​​။ရုတ်တရက်ဒေါသကြီးတတ်​သည်​။ နက်​နက်​နဲနဲ​ဝေဖန်​ပြီးမြန်​သည်​​နှေးသည်​သ​ဘောမထားပဲတာဝန်​ရှိသည့်​အတိုင်းမှန်​မှန်​လုပ်​​ဆောင်​တတ်​သည်​။ ။

မိန်​ရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်​သည်​။ သနားကြင်​နာတတ်​သော​စိတ်​ရှိသည်​။ အလုပ်​ကိုအမြန်​ပြီး​စေချင်​​သောလည်းစိတ်​ကူးနယ်​ချဲ့လျက်​​နေတတ်​သည်​။ မိမိရည်​ရွယ်​ချက်​ရှိသည့်​ကိစ္စကို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​စိတ်​အလိုမကျ၍မူလရည်​ရွယ်​ချက်​မပြီးပြတ်​ခင်​​နောက်​ရည်​ရွယ်​ချက်​တခုသို့​ပြောင်းလဲသွားတတ်​သည်​။ အလုပ်​အကိုင်​ လုပ်​ကိုင်​ရတွင်​ လျို့ဝှက်​တတ်​​သောစိတ်​သ​ဘောထားရှိသည်​။အေးစက်​စက်​နှင်​လုပ်​ကိုင်​တတ်​သည်​။ ​ငွေအကုန်​အကျများတတ်​သည်​။ စိုးရိမ်​ပူပန်​တတ်​၏။ အရာရာတွင်​​အောင်​မြင်​​အောင်​ကြိုးစားယူတတ်​သည်​။ ​လောကီ​ရေးရာထက်​​လောကုတ္တရာ​ရေးရာတွင်​အာရုံစူးစိုက်​တတ်​သည်

No comments:

Post a Comment