Thursday, November 2, 2017
11လပိုင်​​ဟောစာတမ်း
💎💎💎မင်္ဂလာပါ💎💎💎
ခုနှစ်​ရက်သားသမီးများအားလုံးအတွက်
1.11.2017မှ 30.11.2017 ထိ တစ်လစာ 
ဗေဒင်ဟောစားတမ်းကို 
ဗေဒင် နှင့်လက္ခဏာ ဆရာ မင်းထက်​ခိုင်
ကိုယ်တိုင် စီစစ်ရေးသား၍ တင်ပေးလိုက်ပြီ......။
👍ဖတ်ရှု့ပြီး မှန်တယ် ကန်တယ်ဆိုရင်တော့
Shareပေးဖို့မမေ့နဲ့နော် 😊
ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာကိုယ် ကျန်းမာပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ...🙏
ဗေဒင်နှင့်လက္ခဏာ မေးလိုသူများ ဆရာ့ဖုန်း☎09262650309ကို
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 တနင်္ဂနွေသားသမီးများအတွက်
➖➖➖➖➖➖➖➖
သူတစ်ပါးငွေများကိုင်ခြင်းအာမခံခြင်းများမလုပ်ပါနှင့်ပြသာနာ
တက်ရတတ်သည်။အိမ်ထောင်ရေးတွင်အထူးကံကောင်းကျိုးပြုလာမည်။အချစ်ရေး၌စန်းပွင့်ပြီးလူငယ်လူရွှယ်များအနေဖြင့် နှလုံးသားရေးရာများတွင်အထင်အမြင်လွဲမှားမှုကြောင့်စိတ်မောရတတ်သည်။ပညာရေး၌ရှေ့ပိုင်းကာလတွင်မရောင်မလည်ဖြစ်နေတတ်သော်လည်းနောက်ပိုင်းမှအဆင်ပြေအောင်မြင်နိုင်ကိန်းရှိသည်။ကျန်းမာရေးမှာမတော်တဆထိခိုက်ဒဏ်ရာရရှိတတ်မည်။လူမှုရေး၌အထူးလူချစ်လူင်
ပေါ်များမည်။မိတ်ဆွေအပေါင်းအသင်းနှင့်ဆက်ဆံရေးမပြေပြစ်စေကာမူတပည့်လက်သားအလုပ်သမားတို့နှင့်အဆင်ပြေတိုးတက်ကောင်းမွန်နိုင်၏။စီးပွားရေးလုပ်ငန်းတွင်ဆုံးရှုံးထားသောငွေများပြန်လည်အဆင်ပြေလာမည်။ကား။ကျောက်။များအရောင်းဝယ်ကံကောင်းမည်။
ယတြာ။  ။မိမိမွေးနေ့တွင် ဇွန်ပန်း(၉)ပွင့်​ဘုရားမှာလှူပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
 တနင်္လာသားသမီးများအတွက်
➖➖➖➖➖➖➖
စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်း/ဌာနနေရာပြောင်းရခြင်းများပြုလုပ်ဖို့လေသံများထွက်လာတတ်သည်။ပညာရေးကောင်းမွန်ပြီးအထက်လူကြီးများ၏ကူညီမှုကိုရတတ်သည်။
စီးပွားရေးကံကောင်းမည်။အချစ်ရေးတွင်စန်းပွင့်မည်။ရပ်ဝေးခရီးထွက်ရ
ခြင်းဘုရားဖူးခရီးထွက်ရခြင်းများကြုံတွေ့တတ်သည်။မောင်နှမသားချင်းများအတွက်စိတ်သောကရောက်တတ်သည်။ခင်မင်ရင်းနှီးသောမိတ်ဆွေတို့၏လိမ်လည်မှုကိုခံရတတ်သည်။ငွေချေးငှားခြင်း/စပ်တူရှယ်ယာလုပ်ခြင်းအထူးရှောင်ရမည်။အိမ်ထောင်ရေး၌အပေါင်းအသင်းမိတ်ဆွေတို့၏နှောင့်ယှက်မှုကြောင့်အိမ်ထောင်ရှင်နှင့်စကားများပြသာနာများပေါ်ပေါက်လာတတ်သည့်ပြန်လည်အဆင်ပြေမည်။အသက်ကြီးအိုဇာတာရှင်များကျန်းမာရေးအညံ့ကြုံတွေ့တတ်သည်။အထူးသဖြင့် အဆုတ်ရောဂါ/မျက်စိ/နား/လည်ချောင်းဝေဒနာများခံစားရတတ်သည်။
🔮တစ်လတာယတြာ🔮
မိမိမွေးနေ့တွင် နှင်းဆီပန်း(၁၅)ပွင့်​ ချိုချဉ်(၁၅)လုံးကိုဘုရားမှလှူပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
အင်္ဂါသားသမီးများအတွက်
စိတ်ဖိစီးမှုများတတ်သော်လည်းအောင်မြင်မှုရရှိတတ်သည်။
စီးပွားရေးလုပ်ငန်းများတွင်နာမည့်ရ ရှိပြီးငွေကံအဆင်မပြေဖြစ်မည်။
အိမ်ပြင်အိမ်ဆောက်ပြုလုပ်ရတတ်သည်။ပညာရေးတွင်အခွင့်အလမ်းကောင်း၍အောင်မြင်မှုရ ရှိတတ်သည်။စာပေ/အနုပညာ/ဗိသုကာပညာရပ်တို့တွင်ထူးချွန်မည်။ကုသိုလ်ကောင်းမှုအလှူဒါနများပြုလုပ်ရတတ်သည်။အထက်ပုဂ္ဂိုလ်ဆရာသမားတို့၏ချီးမြှင့်ခြင်းခံရတတ်သည်။ချစ်မှုရေးရာတွင်ပြိုင်ဘက်ပေါ်တတ်သည်။အိမ်ထောင်ရေးတွင်ဆွေမျိုးတို့၏နှောင့်ယှက်မှုကြောင့်စိတ်သောကရောက်တတ်သည်။ကျန်းမာရေးကောင်းမည်။စက်ပစ္စည်းဝင်ထွက်လုပ်မည်။
ငွေချေးငှားခြင်းအထူးရှောင်ရမည်။
ယတြာ။  ။မိမိမွေးနေ့တွင် သပြေ(၉)ညွန့်ဘုရားမှာလှူပေးပါ။သံဃာတော်အားသစ်သီးဆွမ်းကပ်လှူပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
 ဗုဒ္ဓဟူးသားသမီးများအတွက်
➖➖➖➖➖➖➖
အတိုက်အခံအပြိုင်အဆိုင်များသောလပိုင်းဖြစ်ပြီး၎င်းအတိုက်အခံတို့ကြောင့်မိမိလုပ်ငန်းပိုမိုအောင်မြင်တတ်သည်။ပညာရေး၌အောင်မြင်တတ်မည်။အပြစ်မရှိပဲလူမုန်းခံနေရတတ်သည်။ချစ်မှုရေးရာမှအဆင်မပြေ၍စိတ်ပျက်နေမည်။ပတ်ဝန်းကျင်၏နှောက်ယှက်မှုကြောင့်အိမ်တွင်းရေးအိမ်ထောင်ရေးတွင်ပြသာနာတက်တတ်မည်။ခရီးထွက်ခြင်းနှင့်အိုးအိမ်နေရာပြောင်းခြင်းလုပ်ငန်းပြောင်းခြင်းများအထူးရှောင်ရမည်။အပျော်အပါးစိတ်များပေါ်ပေါက်နေတတ်မည်။အပျော်ဘုရားဖူးခရီးကံကောင်းခြင်းရှိသည်။ မထင်မှတ်သောအခက်ခဲများလည်းဝင်ရောက်လာတတ်သည်။
မျှော်မှန်းထားသောအရာမှာပြည့်မလာနိုင်ပါ။ အထူးဂရုစိုက်ပါ။စွပ်စွဲခံနေရမည်။ မကောင်းသတင်းများသင့်ထံရောက်လာပါလိမ့်မည်။အပေါင်းသင်းအချင်းချင်းဖြစ်စေး။ရန်သူဖြစ်စေး။သင့်နှင့်ထင်ပေါ်ရှုပ်ထွေးပြသာနာတက်နေမည်။ကဲ့ရဲခံနေရမည်။ငွေကံမကောင်း၍ဆုံးရှုံးမှုရှိသည်။သူတစ်ပါး၏အပြစ်ပြောဆိုမှုခံရမည်။ကျန်းမာရေးညံ့တတ်သည့် အထူးသဖြင့် ဆီး/မျက်စီ/လိပ်ခေါင်းဝေဒနာများကိုသတိထားရန်လို့အပ်သည်။
🔮တစ်လတာယတြာ🔮
မိမိမွေးနေ့တွင် အုန်းညွန့်(၁၇)ညွန့်​ဘုရားမှာလှူပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
 ကြာသပတေးသားသမီးများအတွက်
➖➖➖➖➖➖➖➖➖
ငွေကုန်ကြေးကျများမည်။မိမိလုပ်ငန်းလုပ်ရတွင်အခက်အခဲအမျိုးမျိုးနှင့်တွေ့ကြုံရပြီးစကားအချေအတင်ပြောဆိုမှုများအမှုကိစ္စများပေါ်ပေါက်တတ်၍သတိနှင့်နေသွားရန်လို့အပ်ပါသည်။လူလိမ်ခံရတတ်သည်။မိတ်ဆွေကောင်းနှင့်စိတ်ဝမ်းကွဲမည်။မိဘဆွေမျိုးတို့နှင့်ပြသာနာဖြစ်တတ်သည်။ချစ်မှုရေးရာတွင်စန်းပွင့်မည်။ပညာရေးတွင်စိတ်အပူပင်ကျနေမည်။
ငွေဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။အိမ်ထောင်ရေးတွင်နှောက်ယှက်မှုများကြုံတွေ့ပြီးစိတ်သောကရောက်၍အခက်ခဲများကျရောက်နေတတ်မည်။စီးပွားရေးလုပ်ငန်းတွင်လယ်ယာဥယျာဉ်ခြံထွက်ပစ္စည်းနှင့်စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းအထူးအကျိုးပေးမည်။ကျန်းမာရေးညံ့တတ်သည့်အထူးသဖြင့် အစာအိမ်နှင့်လေနာရောဂါများခံစားရတတ်သည်။
🔮တစ်လတာယတြာ🔮 ။မိမိမွေးနေ့တွင်မေမြို့ပန်း(၁၉)ခက်ကိုဘုရားမှာလှူပေးပါ။
သံဃာတော်အားဘယာကြော်(၁၉)ခုကပ်လှူပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
သောကြ်ာသာသမီးများအတွက်
➖➖➖➖➖➖➖
လုပ်ငန်းသစ်များတိုးချဲ့လျှင်အောင်မြင်မှုကြုံမည်။စီးပွားလာဘ်လာဘကောင်းမည်။ပညာရေးကောင်းမည်။ချစ်မှုရေးရာကိစ္စတွင်စန်းပွင့်မည်။နိုင်ငံရပ်ခြားခရီးထွက်ရခြင်း(သို့)ဘုရားဖူးခရီးထွက်ရခြင်းကြုံတွေ့မည်။စက်ပစ္စည်းဝင်မည်။ငွေအစုပုံကိုင်းရတတ်သည်။ခြံ  မြေ အကျိုးပေး၍ဝင်တတ်မည်။လုပ်ငန်းနှင့်ပက်သက်၍ရာထူးတိုးခြင်းဌာနနေရာပြောင်းရခြင်းလေသံများထွက်ပေါ်လာတတ်မည်။လက်ထပ်မင်္ဂလာပြုလုပ်ရခြင်းများကြုံတွေ့တတ်သည်။ရွှေပစ္စည်းဝင်တတ်သည်။စီးပွားရေးလုပ်ငန်းတွင်ဆေးဝါးကုသမှုလုပ်ငန်း/စက်မှုလက်မှုလုပ်ငန်း/လျှပ်စစ်ပစ္စည်းနှင့်အစုရှယ်ယာလုပ်ငန်းတို့မှအကျိုးအမြတ်ရရှိမည်။အိမ်နီးချင်းပတ်ဝန်းကျင်နှင့်ပြသာနာဖြစ်တတ်သည်။ကျန်းမာရေးညံရတတ်သည်။အထူးသဖြင့်ကိုယ်လက် ရောင်လာခြင်း/သွေးတိုးသွေးကျဖြစ်ခြင်း/ဦးခေါင်းဝေဒနာခံစားရခြင်းများကြုံတွေ့တတ်သည်။
🔮တစ်လတာယတြာ🔮
မိမိမွေးနေ့တွင်ဝါးညွန့်(သို့မဟုတ်)ရွက်လှ(၂၁)ခက်၊
ထေပတ်ဆိမီးခွက်(၃)ခွက် အိမ်ဘုရားစဉ်မှာ ထွန်းညှိပူဇော်ပေးပါ၊၊ 
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
 စနေသားသမီးများအတွက် 
➖➖➖➖➖➖➖
သူတစ်ပါးချီးမွမ်းခံရမည်။ဂုဏ်သတင်းကျော်ကြားခြင်းနှင်ထင်ပေါ်စီးပွားတိုးမည်။လာဘ်ကောင်းနှင့်အောင်မြင်တတ်သည်။အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ဤလ၌သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ လက်ရှိအခြေအနေထက်အဆပေါင်းများစီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကိုအင်နှင့်အားနှင့်တိုးချဲ့လုပ်ကိုင်သင့်သော်လည်းဖြတ်လမ်းမလိုက်ရန်သတိပေးလိုပါသည်။မိမိအားပြဿနာလုပ်နေသူများရှိလျှင့်အဆင်ပြေသွားမည်။မသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်သွားမည်။ နေရာအခြေချဖို့၊အလုပ်သစ်စဖို့၊ဘဝအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေချဖို့မသင့်သေးတဲ့ကာလပါပဲ။ 
ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မည်။ မိမိလုပ်လိုက်တဲ့ကိစ္စတစ်ခုကမိခင်နဲ့မကြိုက်တဲ့ကိစ္စဖြစ်နေတတ်မည်။ကိုယ်လက်မအီမသာဖြစ်တာ အိပ်ရေးမဝတာမျိုးခံစားရလိမ့်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။မိသားစုအတွင်းကျန်းမာရေးညံသူများကြောင့် ဗျာများရတတ်သည်။ ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ။ပညာရေးမှာ  တတ်မြောက်လွယ်မည်။အချစ်ရေး၌ ဝေခွဲရခက်နေသလို ခံစားနေရတတ်သည်။
🔮တစ်လတာယတြာ 🔮
မိမိ၏အိမ်ဘုရားစဉ်မှာ ပန်း(၁၀)ပွင၊့် ဖယောင်းတိုင် (၁၀)တိုင်၊
ဖယောင်းတိုင်(၁၀)တိုင်ထွန်းညှိပူဇော်ပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
 ရာဟုသားသမီးများအတွက် 
➖➖➖➖➖➖➖
အချစ်ရေးတွင်စန်းပွင့်မည်။အရင်းနှီးဆုံးမိတ်ဆွေတို့၏သစ္စာဖောက်ခြင်း
ခံရမည်။ငွေကြေးမမြဲခြင်းဆုံးရှုံးခြင်းများကြုံလာတတ်မည်။
ပညာရေးကောင်းမွန်ပြီးအထက်လူကြီးများ၏ကူညီမှုကိုရတတ်သည်။
ရပ်ဝေးဒေသမှဆွေးမျိုးမိတ်ဆွေတို့၏ကူညီမှုကိုရ ရှိတတ်သည်။
အိမ်ထောင်ရေး၌ဖောက်ပြန်ခြင်းစိတ်များပေါ်ပေါက်နေတတ်မည်။အိမ်ထောင်ရေးမှအထင်အမြင်သေတတ်၍ပြသာနာကြုံလာတတ်သည်။မိန်းမကိစ္စနှင့်ပက်သက်၍ယောက်ကျားသားများပြသာနာတက်တတ်သည်။ အပျော်အပါးကိစ္စရပ်များဖြစ်ပေါ်နေမည်။ငွေဝင်သလောက်ပြန်လည်ကုန်ဆုံးတတ်မည်။ ကျန်းမာရေးကောင်းမည်။
ယာဉ်နှင့်ပက်သက်၍ထိခိုက်ဒဏ်ရာရတတ်သည်။
🔮တစ်လတာယတြာ🔮
မိမိမွေးနေ့တွင်ကံ့ကော်ညွန့်(၁၂)ညွန့်ဘုရားမှာလှူပေးပါ။
အသီး(၁၂)လုံး၊ နွားနို့(၃)ခွက် ကပ်လှူပူဇော်ပေးပါ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ခုနှစ်ရက်သားသမီးများနှင့် မိတ်ဆွေများ အားလုံး
ကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ
သောကဟူသမျှ ကင်ဝေးပါစေ
ဆန္ဒနှင့်ဘဝ တထပ်တည်းကြပါစေ
ပို့သမေတ္တာရရှိပြီး နေ့ရက်တိုင်းပျော်ရွှင်ချမ်းမြေ့
ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊၊
              ဗေဒင်နှင့်လက္ခဏာ
             ဆရာမင်းမင်းထက်​ခိုင်
         ၇၃×၇၄လမ်းကြား|၃၅လမ်းကြား
     ချမ်းအေးသာစံမြို့နယ်  မန္တလေးမြို့ 
          Ph-09262650309
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
🌟 အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ အစီးအမံများ အာမခံဖြင့် ပြုလုပ်ပေးနေပါသည်🌟
အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင်
🔺ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်
ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်စင်
🔺အချစ်ရေးအဆင်မပြေသူများ၊ အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ပညာရေးနှင့်ပတ်သက်သော ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အနောက်အယှက် အတိုက်အခိုက်ရိနေသူများအတွက်
ယတြာ/ဓာက်ရိုက်ဓာတ်ဆင်
 👉ဗေဒင်နှင့်လက္ခဏာ မေးချင်သူများ👈
💻FB Massenger, Viber,  တို့ဖြင့် မေးမြန်လိုပါက
▶မိမိမွေးသက္ကရာဇ် အပြည့်အစုံ, နာမည် ပြောပေးရမယ်
▶လက္ခဏာပုံ(နှစ်ဖက်လုံး) ဓာတ်ပုံရိုက်ပို့ပေးရမည်
▶ဟောပြောခ-ဖုန်းဘေလ် Mpt3000
(ဖုန်းဘေလ်ကဒ်ကို ခြဲခစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရပါမည်)
📲Phoneဖြင့်တိုက်ရိုက်မေးလိုလျှင်
▶SMS massages ကနေ မွေးသက္ကရာဇ်, နာမည်ပေးပို့ရမည်
▶ဟောပြောခ-Mpt3000 ပို့ပေးရမည်
 📲09-262650309
လိပ်စာ➡ ၇၃×၇၄လမ်းကြား|၃၅လမ်း
             ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
Tuesday, October 17, 2017
2017ခု၁၀.၁၁လပိုင်း
🔯၂၀.၁၀.၂၀၁၇ မှ ၁၈.၁၁.၂၀၁၇ အထိ🔯
♏တန်ဆောင်မုန်းလ အတွက်တစ်လစာတမ်းကြီး♏
🌼ခုနှစ်ရက်သားသမီးများအတွက် တစ်လစာဟောစာ
တမ်းကြီးကိုမေတ္တာစေတနာအပြည့်ထားပြီး ဆရာကြီး
မင်းထက်ခိုင်ကိုယ်တိုင်တွက်ချက်ရေးသာတင်ပေးလိုက်ပါ
သည်။🌼
🌞တနင်္ဂနွေနေ့သားသမီးများ🌞
💼စီးပွားရေးကိစ္စ ။လုပ်သလောက်အဆင်ပြေရမည် အချိန်ဖြစ်ပါတယ်။ အလုပ်အကိုင်ကို ဇွဲရှိရှိ လုပ်​မည်​အချိန်​အခါဖြစ်​ပါတယ်​။ အထက်​ လူကြီး ဆရာသမား များက ချစ်​ခင်​​မှု အပြည့်​ရရှိမည်​အခိန်​ဖြစ်​ပါတယ်​။မထင်​မှတ်​ပဲ ​ငွေ​ကြေး များစွာ ဝင်​လာပါမည်​။အထူးသဖြင့်​ အင်္ဂါ သားသမီး များ ကလာ​ရောက်​ ကူညီ​ပေးတတ်​သည်​။စီးပွားကံ​ကောင်းသည်​။
🎓ပညာ​ရေး ကိစ္စ ။သင်​တန်​တက်​ရခြင်း၊ဆရာသမား
လို့ပုဂ္ဂိုလ်​များ ကူညီ ​စောင့်​ကြပ်​ ​ပေးခြင်းခံရမည်​။ အ​ပေါင်း
အသင်း ​ကြောင့်​ ပညာ​ရေးမှာ အ​နှောင့်​အယှက်​ ကြုံ​တွေ့
ရတတ်​သည်​။
🏥ကျန်းမာ​ရေးကိစ္စ။ရေချိုးမှားပြီးဖျားတာ။အစားမှားတာ
ဖြစ်​တတ်​သည်​။ ဆိုးဆိုးဝါးဝါး ​တော့မဖြစ်​ပါ။ကံ​ကောင်း
သည်​။
💑အချစ်​​ရေး။ကိုယ်​အရမ်းချစ်​သ​လောက်​ ကိုယ့်​​ကိုသတိ
ိမေ့​နေ့သူနှင့်​​တွေ့တတ်​သည်​။ကံမ​ကောင်းပါ။စိတ်​ညစ်
စရာများနှင်​ကြုံ​တွေ့ရတတ်​သည်​။
👪အိမ်​​ထောင်​​ရေး။ မိသာစုကတော့ညီညွတ်​မှုရှိသည်​။သို​ပေမဲ့ သူစမ်းများဝင်​​ရောက်​ဂြိုဟ်​​မွေတတ်​သည်​။သတိထားရမည်​အခိန်​ဖြစ်​သည်​။
🚩 ထူးယတြာများ။🚩 နင်္ဂ​နွေ​နေ့​ နံနက်၆နာရီ တွင်​ ​တနင်္ဂ​နွေဂြိုဟ်​ဘုရားမှာ​အောင်​သ​ပြေပန်း၊ ​​သောက်​​တော်​​ရေ
သက်​​စေ့၊သွား​ရောလှူ​ပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌕တနလာင်္နေ့သားသမီးများ🌕
💼စီးပွား​ရေးကိစ္စ။အလုပ်​က​တော့လုပ်​သ​လောက်​အဆင်​မ​ပြေတဲ့အချိန်ြ​ဖစ်​ပါတယ်​။ ​ငွေ​ကြေး နှင့်​​ပတ်​သက်​ပြီးမမြဲ
တတ်​ပါ ၊လုပ်​သ​လောက်​​မော၊ရသ​လောက်​ကုန်​ရတတ်​ပါတယ်​။အဆင်​​ပြေမယ်​လို့သတ်​မှတ်​ထားတာ​တွေ​တောင်​မရတတ်​ပါ။
🎓ပညာ​ရေး။ ကံ​ကောင်းပါသည်​။ နာမည်​​ကောင်းများရ
ရှိတတ်​သည်​။ ပညား​ရေးနှင့်​ပတ်​သက်​ စိတ်​​ကျေနပ်​စရာများရမည်​။
🏥ကျန်းမာ​ရေးကိစ္စ။ အ​မော​ရောဂါ၊နှလုံး​ရောဂါဖြစ်​လာတတ်​သည်​။ပြီ​တော့ ထိမိခိုက်​မိဖြစ်​တတ်​သည်​။
💑အချစ်​​ရေး။ကိုယ်​ထား​သော ရည်းစာက သူများနှင့်​ချစ်​​နေတတ်​သည်​။အချစ်​​ရေးကံမ​ကောင်းပါ။
👪အိမ်​​ထောင်​​ရေး။မညံပါအဆင်​​ပြေပါတယ်​။ အားနဲချက်​က သူအလိုလိုက်​​နေရတာ ကိုယ်​အတွက်​လုပ်​စရာများ
အလုပ်​နိုင်​ဖြစ်​တတ်​ပါတယ်​။
🚩 အထူးယတြာများ🚩 ။တနလာင်္​နေ့ ည​နေ့၃နာရီ မှာ
တနလာင်္ဂြိုဟ်​ဘုရာမှာ ​သောက်​တော်ရေနှင်ဖယောင်း
တိုင်​ သက်​​စေ့ ဘုရားမှာလှူ​ပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎အင်္ဂါသားသမီးများ🌎
 💼 စီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းများပြုလုပ်နိုင်မည်။ ကိုယ့် လက်အောက်ငယ်သားရှိပါကဂရုစိုက်ရမည်အချိန်ဖြစ်သည်။
အလုပ်အကိုင်များလုပ်သလောက်အဆင်ပြေရမည်အချိန်ဖြစ်ပါတယ်။ဇွဲရှိရှိလုပ်မည်အချိန်ဖြစ်ပါတယ်။
🎓ပညာရေးကိစ္စ။ပညာရေးမှာအမျိုးမျိုးအခက်များဝင်လာတတ်သည်။သတိထားပြီးကျိုးစားရမည်အခိန်ဖြစ်ပါတယ်။
💊ကျန်းမာရေးကိစ္စ။အထူးကောင်းပါတယ်
❤အချစ်ရေးကိစ္စ။စိတ်သဘောထားမတိုက်ဆိုင်၍လမ်းခွဲရတတ်သည်။မိဘသဘောမတူတာတို့အကြောင်းအမျိုးအမျိုးပြဿ.  
ဝင်လာတတ်ည်။
👪အိမ်ထောင်ရေးကစ္စ။အဆင်ပြေပါသည်။အိမ်ထောင်ရေးနှင့်ပတ်သက်၍အဆင်ပြေမည်အချိန်အခါဖြစ်ပါတယ်။
🚩အထူးယတြာများ🚩အင်္ဂါနေ့မနက်၈နာရီတွင်
အင်္ဂါဂြိုဟ်ဘုရားမှာဇွန်ပန်း(၉)ပွင့်ကပ်လှူပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎ဗုဒ္ဓဟူးသားသမီးများ🌎
 💼စီးပွားရေးကစ္စ။စီးပွားရေးလုပ်ငန်းလုပ်တွင် အဆင်ပြေမလိုလိုနဲ့ အောင်မြင်မလိုလိုနဲ့ အဆင်မပြေတတ်ပါဘူး။ အလပ်ကတော့
လုပ်နေတာပဲဒါပေမဲ့အရာမထင်ဘူး။အရောင်းအဝယ်လုပ်ရတွင်အရှုံးပေါ်တတ်သည် သတိထားပြီးလုပ်ရမယ်အချိန်ဖြစ်ပါတယ်။
⭐လူမူရေးကိစ္စ။အိမ်ဘေးပတ်ဝန်းကျင်များနှင့် အဆင်မပြေမှုများ ပြဿနာများဖြစ်တတ်ပါတယ်။ အလုပ်အဆင်မပြေဖြစ်မည်။ ဘာပဲလုပ်လုပ် စိတ်အေးအေးထားပါ။ တရားနှင့်ဖြေပါ။ခေါင်းအေးအေးထား၍ဖြေရှင်းပေးရန်လိုအပ်ပါတယ်။
💖အချစ်ရေး/အိမ်ထောင်ရေးကိစ္စ။အချစ်ရေးကြောင့်စိတ်ညစ်ရပါလိမ့်မည်။ အိမ်ထောင်ရှိသူများကတော့ ဘေးစကားမယုံကြပါနဲ့ ယုံမိရင်တော့ သေချာပေါက်ပြဿနာဖြစ်မည်။
 🏥ကျန်းမာရေးကိစ္စ။  ကျန်းမာရေးအနေနဲ့က ဦးခေါင်းပိုင်း သတိထားပါ။ ပညာရေးကတော့ကြိုးစာနိုင်မှတော်ကာကျမှာပါဗျာ
🚩အထူးယတြာများ🚩ဗုဒ္ဓဟူး ​နေ့ည​နေ့၅နာရီ တွင်​အိမ်​ဘုရားမှာ ရွက်​လှပန်းနှင့်​ ဖ​ယောင်​တိုင်​၁၇တိုင်းထွန်းပြီးပူ​ဇော်​​ပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎ကြာသပတေးသားသမီးများ🌎
💼စီးပွားရေးကိစ္စ။စီးပွားရေးလုပ်ငန်းတွင် ရည်ရွယ်ထားသော၊ ရည်မှန်းထားသောလုပ်ငန်းများအကောင်ထည်ဖော်နိုင်မည်။ အရမ်းအဆင်ပြေသောကာလဖြစ်သည်။ဝယ်ချင်နေသောပစ္စည်းများဝယ်နိုင်မည်အထူးသတိပြုရမှာက လူယုံပါ ။ လူယုံသတ်နိုင်ပါတယ်ခင်ဗျာ။ ထို့ကြောင် အမှုကိစ္စမလွတ်ကင်းနိုင်ပါ ။
💖👪အချစ်ရေး/အိမ်ထောင်ရေး။သတိပြုပါကျန်းမာရေးညံ့နေတဲ့ ချစ်သူကြောင့်စိတ်ညစ်ရမယ်။အိမ်ထောင်ရှိသူတွေကတော့အရမ်း
စိတ်ချမ်းသာပါမယ်။
🏥ကျန်းမာရေးခြူခြာတတ်ပါတယ်အညံ့များပြေပျောက်စေရန် သောကြာသားသမီး အိမ်တွင်အချိုပါသောမုန့်ကျွေးပါ။ပညာရေးကံကတော့ ဆရာကောင်းနဲ့တွေ့မှာပါ။
🚩အထူးယတြာများ🚩-ရွှေဖရုံသီးတစ်လုံး မိမိမွေးနေ့ဂြိုလ်ထောင့်တွင် ကပ်လှူပူဇော်ပါ။ သက်ကြီးဝါကြီးများကို မုန့်တီ၊ မုန့်ဟင်းခါးကျွေးမွေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎သောကြာသားသမီးများ🌎
 💼စီးပွားရေးကိစ္စ။လုပ်ငန်းစီးပွားရေးတွင်ဆုံးမည်ဟုထင်ထားသောငွေများပြန်ရလိမ့်မည်။အလုပ်အကိုင်ပြောင်းရွေ့ဖို့စဉ်းစားနေသူများမပြောင်းပါနဲ့အုံးလက်ရှိအလုပ်မှာအဆင်ပြေလာပါလိမ့်မည်။ အလုပ်ရှာနေသူများ အလုပ်ရပါလိမ့်မည်။ စပ်တူရှယ်ယာအကျိုးပေးမည်။
💖👪အချစ်ရေးအိမ်ထောင်ရေးကိစ္စ။အချစ်ရေးအိမ်ထောင်ရေး တွင်မဖြစ်စလောက်ကိစ္စလေးနှင့်စကားများရတတ်သည်။
 👍အသက်ကြီးပိုင်းများ ရပ်ရွာအကျိုးပြုနိုင်မည်။
🚩အထူးယတြာများ🚩ဘုရားမှာသောက်တော်ရေ(၂၁)ခွက်ကပ်ပါ။ သစ္စာပန်း(၃)ပွင့်ကပ်ပါသင်္ဘောသီးတစ်လုံးကပ်လှူပူဇော်ပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎စနေသားသမီးများ🌎
💼စီးပွားရေးကိစ္စ။ စီးပွားရေးလုပ်ငန်းတွင် အဆင်ပြေပါမယ်။ အိမ် ခြံ မြေ ဝင်မည်ရည်ရွယ်ချက်များအဆင်ပြေလာမည်အရင်ကကိုယ့်ကိုအမြင်မကြည်သူများမလေးစားသူများလေးစားလာခြင်းခံရတတ်သည်။ မထင်မှတ်သော၊ မလုပ်ဖူးသော အလုပ်များလုပ်ရတတ်
သည်။
👪💖အိမ်ထောင်ရေး/အချစ်ရေးကိစ္စ။အိမ်အတွင်း မထင်မှတ်ပဲ ပြဿ     နာများဖြစ်တတ်သည်။ လင်မယားချင်းစကားများရခြင်း မကြာခဏဖြစ်မည်။ ကြားစကားတွေကြောင့် ချစ်သူရဲ့ နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရမည်။
🏥ကျန်းမာရေးကိစ္စ။ကျန်းမာရေးအနေနဲ့ကတော့ ပင်ပန်းမှုတွေကြောင့် စိတ်မောမည်။ မျက်စိနှင့်ပတ်သက်လို့ဂရုစိုက်ပါ။
🎓ပညာရေးကိစ္စ။ပညာရေးမှာအထစ်ငေါ့များကြုံမည်။
🚩အထူးယတြာများ🚩နှင်းဆီ(၁၆)ပွင့်ဘုရားကပ်ပါ။ လမ်းခင်းသည့်နေရာများတွင် တတ်နိုင်သလောက် ပိုက်ဆံလှူပေးပါ။ သံဃာတော်များကို ဖိနပ်လှူပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌹အသေးစိတ်သိရှိလိုသူများ ဆရာ့ဖုန်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်နိုင်ပါသည်။🌹📱09262650309
ဆရာမင်းထက်ခိုင် (MDY)
Sunday, October 8, 2017
ဗေဒင်​ပညာအ​ခြေခံတွက်​နည်း​များ
Sunday, September 24, 2017
ပုတိဖွးဇာတာအ​ဟော
တနင်္ဂ​နွေနေ့ သားသမီး
ပုတိဖွားအ​ဟော
ကျန်းမာ​ရေး ကံညံ့တတ်​သည်​။ ​ငွေ​ကြေး ​ပေါများ တတ်​သည်​။ဉာဏ်​ပညာထက်​မြတ်​တတ်​သည်​။ စိတ်​ခံစားမှုလွယ်​ကူတတ်​သည်​။   စီးပွား​ရေး လုပ်​ကိုင်​ရတွင်​တိကျ ပြတ်​သားတတ်​သည်​ ။အလုပ်​အကိုင်​အဆင်​​ပြေတတ်​သည်​။အိမ်​​ထောင်​​ရေး အချစ်​​ရေး ကံမ​ကောင်းတတ်​ပါ ။မိသာစုအတွက်​ပူပင်​​သောက​များ ကိုခံစားရတတ်​သည်​။
တနင်္လာ သားသမီး
ပုတီဖွားဇာတာအ​ဟော
ဉာဏ်​ပညာ ထက်​မြတ်​တတ်​သည်​။ဖြတ်​ထိုဉာဏ်​​ကောင်းသည်​။စဉ်းစား​တွေ့​ခေါ်တတ်​​သောဉာဏ်​ရှိသည်​။အလုပ်​အကိုင်​ လုပ်​ကိုင်​ရင်​ တိတိကျကျ လုပ်​ကိုင်​​လေရှိသည်​။ပြတ်​သာသည်​။ အိမ်​​ထောင်​​ရေး မှာမိမိထက်​ ဉာဏ်​ကောင်း​သောသူနှင့်​​တွေ့တတ်​သည်​။ အိမ်​​ထောင်​​ရေးကံဇာတာ​ကောင်​သည်​။ လူမှု​ရေး ပြဿ       နာမကြာခဏဖြစ်​တတ်​သည်​။စီပွား​ရေး​အောင်​မြင်​​သောသူတစ်​​ရောက်​ဖြစ်​မည်​။ကျနိးမာ​ရေး ခဏခဏညံတတ်​သည်​။
အင်္ဂါ သားသမီး
ပုတိဖွားအ​ဟော
ငယ်​စဉ်​ဘဝ ကျန်းမာ​ရေး ညံ့တတ်​သည်​။အသက်​၈လမှာ​ရေ​ဘေးအန္တရာယ်​​တွေ့တတ်​သည်​ ။အသက်​၈နှစ်​ အရွယ်​မှာ ကျန်းမာ​ရေး ဆိုးဆိုးဝါးဝါး ညံ့၍ ​ဆေးရုံ​ဆေးခန်း ​တတ်၍ ကူးသရတတ်​သည်​။ မိဘ​ အထူး စိတ်​​သောက​ရောက်​ရတတ်​သည်​။လူရွယ်​လူလတ်​ပိုင်းမှာ အ​ပေါင်းအသင်း ​ကြောင့်​ ပူပင်​​သောက​ရောက်​ရတတ်​သည်​။ အလုပ်​အကိုင်​လုပ်​ရတွင်​ ဇွဲလုံ့ လ ရှိတတ်​သည်​။ ပညာ​ရေးကံ ညံ့တတ်​သည်​။ အလုပ်​အကိုင်​ လုပ်​ကိုင်​ရတွင်​ ဆုံးဖြတ်​ချက်​ မြန်​၍ ဆုံးရှူံး မှာများတတ်​သည်​။ အခှစ်​​ရေးအိမ်​​ထောင်​​ရေးသားသမီး​ရေးကံ​ကောင်​ပါသည်​။ ဘာသာတရားကိုင်းရှိုင်းတတ်​သည်​။
 ဗုဒ္ဓဟူး သားသမီး
ပုတိဖွားဇာတာအ​ဟော
ဉာဏ်​ပညာ ထက်​မြတ်​တတ်​သည်​။အသက်​ရှည်​သည်​။ငွေ​ကြေး ​ပေါများတတ်​သည်​။အလုပ်​အကိုင်​လုပ်​ကိုင်​ရတွင်​အတိအကျလုပ်​ကိုင်​တတ်​သည်​။ စည်းကမ်းတကျ ​နေတတ်​သည်​။အိမ်း​ထောင်​​ရေးကံ​ကောင်းသည်​။ သားသမီး ကံညံ့တတ်​သည်​။ စိတ်​သ​ဘောထာ
ကောင်း​တတ်​သည်​။ မဟုတ်​မခံစိတ်​ရှိတတ်​သည်​။
ကြာသာပ​တေးသားသမီး
ပုတိဖွားဇာတာအ​ဟော
ငယ်​စဉ်​ဘဝ ကျန်းမာ​ရေး ညံ့တတ်​သည်​။အစာမ​ချေနိုင်​​သော​ရောဂါဖြစ်​တတ်​သည်​။အသက်​ရှည်​တတ်​သည်​။ဉာဏ်​ပညာ ထက်​မြတ်​တတ်​သည်​။မိတ်​​ဆွေသူငယ်​ချင်း​ပေါများတတ်​သည်​။သူငယ်​ချင်းအ​ပေါင်းအသင်​မထားများတိုင်​ပင်​​ဆွေး​နွေးချင်း၊အကြံဉာဏ်​ရယူချင်းများနှင့်​​တွေ့တတ်​သည်​။စိတ်​ထက်​မြတ်​စူးရှတတ်​သည်​။ဘုရားတရားကြည်​ညိုတတ်​သည်​။ကြီးပွားချမ်းသာမှုနှင်​ပြည့်​စုံတတ်​သည်​။
သောကြာ​နေ့ သားသမီးများ
ပုတိဖွားအ​ဟော
ဉာဏ်​ပညာ ထက်​မြတ်​တ်​သည်​။ပညာ​ရေး၌​အောင်​မြင်​သည်​။အလုပ်​အကိုင်​လုပ်​ကိုင်​ရာတွင်​တိတိကျကျလုပ်​ကိုင်​တတ်​သည်​။ ဇွဲလုံ့ လ
ရှိတတ်​သည်​။ဘာသာရေးဝါသနာပါတတ်​သည်​။ဖြတ်​ထိုဉာဏ်​​ကောင်းသည်​။ပျော်​​ပျော်​ရွှင်​ရွှင်​​နေတတ်​သည်​။ အိမ်​​ထောင်​​ရေးကံညံတတ်​သည်​။အချစ်​​ရေးကံ​ကောင်းတတ်​သည်​။ စန်းပွင့်တတ်​သည်​။လူလတ်​ပိုင်းတွင်​ ကျန်းမာ​ရေး ခဏခဏညံ့တတ်​သည်​။ကိုယ်​ပိုင်​လုပ်​ငန်းအကျိုး​ပေးသည်​။အိုဇာတာကံ​ကောင်းတတ်​သည်​။
စ​နေ​နေ့သားသမီး
ပုတိဖွားအ​ဟော
အသိပညာဗဟုသုတများရှိတတ်​သည်​။ဖြတ်​ထိုဉာဏ်​​ကောင်းတတ်​သည်​။ကျောင်းအတန်းပညာအားနဲတတ်​သည်​။အလုပ်​အကိုင်​လုပ်​ကိုင်​ရတွင်​ကြိုးစားမှုရှိတတ်​သည်​။ကိုယ်​ပိုင်​လုပ်​ငန်းလုပ်​ကိုင်​ရာတွင်​အဆင်​​ပြေတတ်​သည်​။အချစ်​​ရေး ၊အိမ်​​ထောင်​​ရေးကံ​ကောင်းတတ်​သည်​။သားသမီး ကံညံ့တတ်​သည်​။ လူချစ်​လူခင်​​ပေါများတတ်​သည်​။ဘာသာတရားဝါသနာပါတတ်​သည်​။ ဘာသာ​ရေးအလုပ်​အကိုင်​များလုပ်​ရတတ်​သည်​။
Wednesday, September 20, 2017
ဘင်္ဂဖွားဇာတာအ​ဟော
တနင်္ဂ​နွေ​နေ့ သားသမီး
ဘင်္ဂဖွားအ​ဟော
အသက်​၆လ၆နှစ်​၁၅အထိကျန်းမာ​ရေး ညံ့တတ်​သည်​။ အပူတပြင်း ​နေရတတ်​သည်​ ဖခင်​စိတ်​​မောရတတ်​သည်​။ မိသားစု စိတ်​​ ပျော်ရွှင်​မှုတတ်​သည်​။ မိဘဆရာသမားကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သည်။အသက်၁၆.၂၆.၃၆.အထူး အခွင့်​အ​ရေး များရရှိမည်။လူချစ်လူခင်ပေါများတတ်​သည်​။မိသားစု ကို ထိန်းသိမ်း ကူညီ​ပေးနိုင်​သူတစ်​​ယောက်​ဖြစ်​မည်​။အလုပ်​ကြီးအကိုင်​ကြီးလုပ်​ရတတ်​သည်​။ မင်းအစိုးရ၏ ကူညီ​ထောက်​ပံမှုရရှိတတ်​သည်​။
တနင်္လာ သားသမီး
ဘင်္ဂဖွားအ​ဟော
စိတ်​ကူးယဉ်​ တတ်​သည်​၊ဉာဏ်​ပညာထက်​မြတ်​တတ်​သည်​။အိမ်​​ထောင်​​ရေးနှင့်​အချစ်​​ရေကံ​ကောင်းတတ်​သည်။မိသားစု အသိုက်​အ
ဝန်း မှ အ​ထောက်​အကူမရနိုင်​ပါ။အလုပ်​အကိုင်​လုပ်​ရာတွင်​ တိကျပြတ်​သာမူရှိ သည်​ဉာဏ်​ပညာနှင့်​အလုပ်​လုပ်​ကိုင်​တတ်​သည်​၊။
အင်္ဂါ သားသမီး
ဘင်္ဂဖွားအ​ဟော
ငယ်​စဉ်ကျန်းမား​ရေးညံ့တတ်​သည်​ မိသားစုပူပင်​​သောက​ရတတ်​သည်​ ဘာသာတရား ​စိတ်​ဝင်​စားတတ်​သည်​ပညာ​ရေးကံမ​ကောင်းပါ ။ ပွင့်​လင်းတတ်​သည်​  ။ဖြတ်​ထိုဉာဏ်​​ကောင်းသည်​။ စီးပွား​ရေး လုပ်​ကိုင်​ရာတွင်​​အောင်​မြင်​မှု ရရှိသည့်​အထိလုပ်​ကိုင်​တတ်​သည်​ ။ ဇွဲလုံ့ 
လရှိသည်​။
ဗုဒ္ဓဟူး သားသမီး
ဘင်္ဂဖွားအ​ဟော
ငယ်​စဉ်​က ​ရေ​ဘေးအန္တရာယ်​​တွေ့တတ်​သည်​။ပညာ​ရေး​ကံ​ကောင်းတတ်​သည်​။အိမ်​​ထောင်​​ရေးနှင့်​သားသမီးကံ​ကောင်းတတ်​သည်​။စီးပွား​ရေးလုပ်​ကိုရာတွင်​နာမည်​ကြီးသ​လောက်​အဆင်​မ​ပြေတတ်​ပါ။လူချစ်​လူခင်​​ပေါ့များတတ်​သည်
ကြာသပ​တေး သားသမီး
ဘင်္ဂဖွားအ​ဟော
အပူပင်​​သောကများတတ်​သည်​။ မိသားစု ကိုချစ်​မြတ်​နိုး တန်​ဖိုးထားတတ်​သည်​။ အ​ပေါင်းအသင်း များတတ်​သည်​။လူချစ်​လူခင်​​ပေါများတတ်​သည်​။ဉာဏ်​ပညာထက်​မြတ်​တတ်​သည်​။ စီးပွား​ရေး လုပ်​ကိုင်​ရာတွင်​ အတိအကျလုပ်​ကိုင်​တတ်​ပြီး အစွမ်းကုန်​ ဇွဲလုံ့ လ ဖြင့်​လုပ်​ကိုင်​တန်​သည်​ငယ်​စဉ်ဘဝတွကျန်းမား​ရေးညံတတ်​သည်​။
သောကြာသားသမီး
ဘင်္ဂဖွားအ​ဟော
ရွှေ​ငွေ ဥစ္စာချမ်းသာတတ်​သည်​ ။စက်​ပစ္စည်း အကျိုး​ပေးတတ်​သည်​ ။ဉာဏ်​ပညာထက်​မြတ်​တတ်​သည်​။အိမ်​​ထောင်​​ရေး ကံမ​ကောင်း
တတ်​ပါ။လူချစ်​လူခင်​များတတ်​သည်​။ အလုပ်​ကိုင်​လုပ်​ရာတွင်​ တိကျ မှုရှိသည်​။ဖြတ်​ထိုးဉာဏ်​ ​ကောင်းသည်​။ အလုပ်​ငြီးအကိုင်​ကြီးလုပ်​ရတတတ်​သည်​။
စ​နေ​နေ့. သားသမီး
ဘင်္ဂဖွားအ​ဟော
ငယ်​စဉ်​ဘဝ ကျန်းမာ​ရေး ညံတတ်​သည်​ ၊​ရေ​ဘေးမီး​ဘေးအန္တရာယ်​​တွေ့တတ်​သည်​၊အသက်​ကြီးပိုင်းမှာ ​ခေါင်း​ဆောင်​ ဆရာဖြစ်​တတ်​သည်​၊ ပညာ​ရေးကံဇာတာ​ကောင်းသည်​၊အိမ်း​ထောင်​​ရေးကံဇာတာညံတတ်​သည်​။ ဘာသာတရား တန်​ဖိုးထားတတ်​သည်​။ လုပ်​ကိုင်​ရတတ်​သည်​။ဘဝကံဇာတာ​ကောင်းပါသည်​။ အတိုက်​အခံ မျညားတတ်​သည်​။ ​အောင်​မြင်​မှူရမည်​။
Tuesday, September 19, 2017
ဂြိုဟ်​အ​ဟော(၂)
စ​နေဂြိုဟ်
ကျွဲ၊မြင်း၊ဆင်​၊​ခြေ​ထောက်​မရှိပဲတွားသွား၍သွား​သောအ​ကောင်​များ၊ ဆီ၊ကာမစပ်​ယှက်​ရာလွန်​ကဲခြင်း၊ လယ်​ယာကိုင်းကျွန်း၊ ​မြေအားလုံးမှထွက်​​သောစပါး၊အသီးအနှံ အပွင့်​၊အဖူး၊ သစ်​ရွက်​၊သစ်​ညွှန့်​အားလုံး၊​မြေ​တောင်​ပို့၊ဂုံ​လျော်​နှင့်​- ရက်​လုပ်ေ​သောအထည်​၊တိုင်​ပြည်​အားလုံး၊သစ်​ပင်​ ၊ထင်း၊ တုတ်​၊ဓား၊လှံ၊​သေနတ်​၊လက်​နက်​မျိုးစုံ၊စစ်​တိုက်​ခြင်း၊စစ်​ချီတက်​ခြင်း၊ဆံပင်​အ​မွေးအမှင်​လိပ်​​ခေါင်း​ရောဂါ၊ဒူလာဝမ်း​ရောဂါ၊ ချွန်​ထက်​​သောလက်​နက်​၊ဆူး​ငြောင့်​စူး၍နာခြင်း၊စစ်​တုရင်​၊​ကြွေအံကစားခြင်း၊​လေး​ကောင်​ဂျင်​၊ကျားထိုးခြင်းစ​သောကစားနည်းမျိုးစုံ၊ ​ကောက်​ကျစ်​စဉ်းလဲ​သောကစားနည်းမျိုးစုံ၊မီး​ဘေးအန္တရာယ်​၊ခရီး​ဝေးသွားလာ​သောလမ်း၊နယ်​ခြား၊နိုင်​ငံခြားခရီး၊အိမ်​တွင်း​ရေးရန်​ပွားခြင်း၊ဇာတ်​နိမ့်​ခြင်း၊​ရောဂါ​ဝေဒနာ၊အသက်​​သေခြင်း၊​သေခြင်းတရားအ​ကြောင်း၊ကိုယ်​ခန္တာရှိ​သေးသွယ်​​သော​လေ​ကြောများ၊ချက်​၊ဒုက္ခဆင်းရဲ​သောဒါဏ်​၊အပြစ်​မကင်း​သောအကြံအစည်​ထုပ်​ခြင်း၊ ကံဆိုးမိုး​မှောင်​၊ ​တောင်​သူလယ်​သမားများ၊ ​ကျောက်​တွင်းများ၊ ​ကျောက်​မီး
သွေး၊နီလာ​ကျောက်​၊သုဿ       န်​၊​ထောင်​၊အချုပ်​ခန်း၊ မည်း​သော အ​စေ့များ၊ပိုက်​ဆံ​လျှော်​၊ဘာလီ​စေ့၊အ​ကြော​လျှော့​စေ​သောဆီ၊အ​ကြောအချဉ်​ကိုက်​​သော​ရောဂါ၊သွားကိုက်​​ရောဂါ၊ပန်းနာ၊တီပီ​ရောဂါ၊ ဝက်​ရှုးပြန်​​ရောဂါ၊ဆီးအိမ်​၊လက်​ဖျန်​ရိုး၊ ​ခြေသလုံး အရိုး၊ လက်​​ကောက်​ဝတ်​၊​ခြေ​ထောက်​၊စိတ္တဇ ​ရောဂါစသည်​တို့ကိုသိနိုင်​သည်​၊။   ။
မှတ်​ချက်​။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ​ဝေဖန်​၍ အ​ကောင်းအဆိုး ကိုသိနိုင်​သည်​။ ။ ။
ရာဟူးဂြိုဟ်
ခရီးသွား​သောအချိန်​အခါ၊​မြွေ၊အဆိတ်​ရှိ​သောသတ္တဝါ၊အ​နှောက်​​တောင်​အရပ်​၊ ညအခါ၊အိမ်​ခြင်း၊အိမ်​တံခါး​ပေါက်​၊ဝင်​​ပေါက်​ထွက်​​ပေါက်​၊ခရီးထွက်​ခြင်း၊ငံ​သောအရသာ၊အဝတ်​အတိုအစများနှင့်​ချုပ်​လုပ်​ထား​သောအိပ်​ယာခင်း၊ ခဲ၊ဖခင်​ဘက်​ဆိုင်​ရာအဖိုး၊​လေမုန်​တိုင်း၊လူရိုင်း၊​တောနက်​ကြီး၌​နေထိုင်​သူ၊မီးခိုး​ရောင်​၊အမျိုးနိမ့်​သူ၊​ပျောက်​ကျားဖာ​ထေးထား​သောအဝတ်​၊​လောင်​ကစားခြင်းဝါသနာ၊​လေ​ရောဂါ၊အလုပ်​အကိုင်​​နှေးခြင်း၊နိုင်​ငံခြားခရီး၊ဝမ်း​ရောဂါ၊အနာကြီး​ရောဂါ၊ဝက်​ရူးပြန်​​ရောဂါစသည်​တို့ကိုသိနိုင်​သည်​။ ။ ။
မှတိချက်​။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ​ဝေဖန်​၍ အ​ကောင်းအဆိုး ကိုသိနိုင်​သည်​။
ကိတ်​ဂြိုဟ်
အနာ၊အ​ရေပါး​နှင့်​ဆိုင်​​သော​ရောဂါ၊အချဉ်​အရသာ၊အ​မေဘက်​ကဆိုင်​ရာအဖိုး၊ အနာ​ဆွေး​ပေါက်​ခြင်း၊ဂရင်​ဂျီနာ၊လိပ်​​ခေါင်းနာ၊အစာ​ရေစာငတ်​ပြတ်​၍ဒုက္ခ​ရောက်​ခြင်း၊သူ​တောင်းစား ၊​ခြေလက်​မရှိ၍တွားသွာတတ်​​သောအ​ကောင်​များ၊​မြေ​တောင်​ပို့၊အမျိုးနိမ့်​သူ၊မည်းနက်​​သောသတ္တု ၊​ဆွေး​မြေ့စုတ်​ပြတ်​​၍ဆပ်​ဟပ်​ဖာ​ထေးထား​သောအဝတ်​၊ကာလဝမ်း​ရောဂါနှင့်​အခြားကူးစက်​တတ်​​သော​ရောဂါ၊​ကျောက်​​ရောဂါ စသည်​တိုကိုသိနိုင်​သည်​။   ။
မှတ်​ချက်​။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ​ဝေဖန်​၍ အ​ကောင်းအဆိုး ကိုသိနိုင်​သည်​။   ။
Sunday, September 17, 2017
ဂြိုဟ်​အ​ဟော(၁)
တနင်္ဂ​နွေဂြိုဟ်
တိုင်​ပြည်​၊ဘုရင်​နန်း​တော်​၊သစ်​​တော၊​တောင်​တန်း၊​ဒေသ၊နီ​သောအဝတ်​၊ပတ္တမြား၊​ကျောက်​နီ၊နယ်​​မြေ၊အကျင့်​စာရိတ္တ၊ကျန်းမာ​ခြင်း၊လွင်​ပြင်​​မြေ၊အထက်​လူကြီး၊ဂုဏ်​အသ​ရေရှိလူတန်းစာ၊တရားဥပ​ဒေဆိုင်​ရာပုဂ္ဂိုလ်​များ၊တရားသူကြီး၊အခြားသူတို့ကိုဆွဲ​ဆောင်​မှု၊စိတ်​တန်​ခိုး၊အ​ကြောအမြှင်​တို့၏အား၊စိတ်​လှုပ်​ရှားခြင်း၊ဂုဏ်​သတင်း​ကျော်​​စောမှု၊မြို့​တော်​များ၊ဦး​ခေါင်း၊ဝမ်​ဗိုက်​၊နှလုံး၊အူ၊​သွေး​ကြောများ၊​သွေးလည်​ပတ်​မှု၊မျက်​စိ၊ဦး​ဏှောက်​၊အာ​ခေါင်​၊သရက်​ရွက်​၊​သွေးတိုး​ရောဂါ၊အပြင်းဖျားခြင်း၊ဦး​ဏှောက်​ပျက်​ခြင်း၊နား.နှာ​ခေါင်း.လည်​​ချောင်းတို့တွင်​ကူးစက်​တတ်သော​ရောဂါများဖြစ်​ခြင်း၊တ​ဖြေး​ဖြေးပိန်​​ခြောက်​​သောအနာမျိုး၊ဝမ်း​ရောဂါ၊​လောင်​စာ၊သား​ရေ၊သိုး​မွေး၊အဆိပ်​​၊​ဆေးဝါးပစ္စည်း၊ဂျုံ၊မင်းမှုထမ်းများ၊စသည်​တို့ဖြစ်​သည်​၊၊
မှတ်​ချက်​ ။ ။
ထူလ အန္တရဒသာစား​သောအခါအားရှိအားမဲ့​ဝေဖန်​၍ အား​ကောင်းလျှင်​ အကျိုး​ပေးမည်​။အားနည်းလျှင်​အညံ့​ဟောနိုင်​သည်။  ။
တနင်္လာဂြိုဟ်
ကိုယ်​ခန္ဓဆူဖြိုးခြင်း၊​မွေးကြိုင်​​သောပစ္စည်း၊အနံ့ခံခြင်း၊အရသာနှင့်​ပတ်​သက်​ခြင်း၊ သွားလာခြင်း၊ လမ်း၊ မင်းအကျိုး​ဆောင်​ခြင်း၊ ဗြဟ္မဏ အကျင့်​အားသန်​ခြင်း၊ အလုပ်​အကိုင်​ ၊မျိုး​စေ့စပါး၊ ​ငွေ ၊ပန်း၊ သစ်​သီး၊ အလိုဆန္ဒ၊ စိတ်​ဖြင့်​သိမှတ်​တတ်​​သောဉာဏ်​၊ နှလုံး ၊ အလှအပ၊ အသက်​ရပ်​တည်​မှု အတွက်​အ​ရေးကြီး​သောအားနှင့်​​သွေးအား၊ အ​ရေရွှမ်း​သောသစ်​သီး၊ဟင်း သီးဟင်းရွက်​၊သီးနှံပင်​များ၊မိုးရွာခြင်း၊ ​ဆေးဝါးပစ္စည်းများ၊ အရက်​၊ နွားနို့ ၊မု​ယောစပါးဂျုံ ၊ကြံပင်​၊ ပုလဲ၊ ကူးစက်​တတ်​​သော​ရောဂါ၊ ကာလသား​ရောဂါ၊ နှာ​စေး၊​ချောင်းဆိုး၊အသားဝါ​ရောဂါ၊ နှာ​ခေါင်း​ယောင်​ခြင်း၊ ကိုယ်​ဝန်​​ဆောင်​မှု၊ သားဖွားခြင်း​ဝေဒနာ၊ ဝမ်း​ရောဂါ၊ အစာအိမ်​ပျက်​​သော​ရောဂါ၊ လည်​​ချောင်းချွဲကပ့​သော​ရောဂါ၊ ကိုယ်​တပိုင်း​သေ​ရောဂါ၊ အ​ရေပါး​ရောဂါ၊ ​သွေးပြန်​​ကြောများ၊ အာရုံ​ကြော၊ ဦး​ဏှောက်​ ၊အဆီ၊ဝမ်းဗိုက်​၊ သားအိမ်​၊ ဆီးအိမ်​၊ရင်​အုံစသည်​တို့အတွက်​ဖြစ်​သည်​။  ။
မှတိချက်​။  ။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့​ဝေဖန်​၍အ​ကောင်းအဆိုးသိနိုင်​သည်​ ။    ။
အင်္ဂါ ဂြိုဟ်
ပင်​ပန်းခံနိုင်​ခြင်း၊ စွန့်​စားရ​သောအလုပ်​၊ လုံ့ လ ဝီရိယ၊အိမ်​ဝင်းခြံ၊ လာ်​ယာ​မြေ၊ အိမ်​​မြေရာ၊သူခိုး၊​ရောဂါ၊မင်းအစိုးရ၏ရန်​သူ၊ဆူးများ​သာသစ်​ပင်​၊ သားသမီးအကျိုးခံစားခြင်းအ​ခြေ​လေး​ချောင်း၊စစ်​ပွဲ၊ စစ်​​မြေပြင်​၊ အငြင်းပွားမှု၊စစ်​တပ်​စက်​ကရိယာနှင့်​စစ်​လက်​နက်​ပစ္စည်း၊​ခြေသလုံးအရိုး၊လွတ်​လပ်​​ရေး၊လက်​​ချောင်းများ၊ ကျင်​ငယ်​​ရေစွန့်​ခြင်း၊ ​ဝေဖန်​ဆုံးဖြတ်​မှုမီးဖို​ချေင်​၊သတ္တု တွင်းများနှင့်​သတ္တုရိုင်း၊စက်​ခန်း၊ ​ရေထွက်​​သော​နေရာညအလုပ်သမားများလူသတ်မှု၊စု​ပေါင်းမ​ကောင်းကြုံမှု၊ သပိတ်​​မှောက်​မှု၊ ဒဏ်​ရာအနာတရာ၊ စည်းရုံးဖွဲစည်းနိုင်​​သောစွမ်းအား၊ အုပ်​ချုပ်​နိုင်​မှု၊ အရည်​အချင်း၊ အလုပ်​သမားများအ​ပေါ်​ခေါင်း​ဆောင်​နိုင်​ခြင်း၊ရဲနှင့်​သက်​ဆိုင်​​သောဌာန၊ ရုန်းရင်းဆန်​ခတ်​ဖြစ်​မှု၊
ဆေးရွက်​၊ ပိုက်​ဆံ​လျှော်​၊ အပူ​လောင်​ခြင်း၊ ​သွေး​ကြောများပြတ်​​သော​ရောဂါ၊ ​သွေးလွန်​​သော​ရောဂါ၊ ကိုယ်​ဝန်​ပျက်​ကျခြင်း၊ မိန်းမဓမ္မတာမမှန်​မှုနှင့်​အ​ကြောအဆစ်​ကိုက်​​သော​ရောဂါစသည်​တို့သိနိုင်​သည်​။  ။
မှတ်​ချက်​။  ။ထူလအန္တရဒသာစားရာ၌အားရှိအားမဲ့​ဝေဖန်​၍ အ​ကောင်းအဆိုး သိနိုင်​သည်​။  ။
ဗုဒ္ဓဟူးဂြိုဟ်
ဗေဒင်​အတတ်​ပညာ၊ အတွက်​သချာင်္အတတ်​ပညာ ၊​ဆေးအတတ်​ပညာ ၊ဗိ​န္ဓောဆရာ၊ ဆရာဝန်​၊ သဘင်​ပညာ၊ အတီး၊ အမှုတ်​၊ အဆို၊ အက၊ ဝါသနာထုံခြင်း၊ ရယ်​​မောခြင်း ၊ပြုံးရွှင်​ခြင်း၊ ​ကြောက်​စတ်​ရှိခြင်း၊ ​ဘေးအန္တရာယ်​၊​ပျော်​ပါးရွှင်​မြူးခြင်း၊စကား​ပြောကျွမ်းကျင်​ခြင်း၊ ရုပိအဆင်းအဂါင်္လှပတင့်​တယ်​ခြင်း၊ အသီးမသီး​သောသစ်​ပင်​၊ အနွယ်​ပင်​၊ ဟဒယနှလုံး၊ ပန်းချီပညာ၊ ရုပ်​ထု၊ ပန်းတိမ်​၊ကာတွန်းဆရာ၊ ဝတ္တု ၊​ဆောင်းပါး၊ရယ်​ရွှင်​ဘွယ်​ဝတ္တု ၊ကူးသန်း​ရောင်းဝယ်​​ရေးပညာ၊ ရုပ်​​ပြောင်းခြင်း၊ သရုပ်​​​ဆောင်​ခြင်း၊အတတ်ပညာမယာပရိယာယ်ဖြင့်သွေးဆောင်သောဉာဏ်​၊ဂုဏ်​ကျက်​သ​ရေ၊နက်​နဲ​သောအသိဉာဏ်​၊ အထည်​ပျက်​​ရွှေ၊ ဝတ်​လုံ​တော်​ရ​ရှေ့​နေ၊ စာကြည့်​တိုက်​၊စာနယ်​ဇင်းများ၊စာအုပ်​ထုပ်​​ဝေဖြန့်​ချီခြင်း၊ သံအမတ်​၊သိမှတ်​တတ်​​သောဉာဏ်​၊​ဝေဖန်​ဆုံးဖြတ်​တတ်​​သောဉာဏ်​ ၊အနား​ဖြေရာပန်းခြံ၊ အ​လောင်းအစားပြု ​သော​နေရာ၊ကုလားပဲ၊ဆီထွက်​​သောအ​စေ့များ၊မြရတနာ​ကျောက်​ခဲ၊ ကြီးကျယ်​ခမ်းနား​သောအ​ဆောက်​အအုံ၊ ကုန်​သည်​ပွဲစား ၊​ရေ​လောင်​ကန်​၊​ငွေ​ကြေးသတ္တုစပ်​ခြင်း၊ရင်​အုပ်​ပိုင်း၊ လျှာ၊အာရုံ​ကြောအ​ရေပါး​ရောဂါ၊လည်​ပင်းကြီး​ရောဂါ၊စိတ်​​ရောဂါဖြင့်​ရူးသွပ်​ခြင်း၊ဆွံ့အခြင်းစသည်​တို့ဖြစ်​သည်​။  ။
မှတ်​ချက်​။    ။ထူလအန္တရဒသာစ​သောအခါ အားရှိအားမဲ့ကို​ဝေဖန်​၍အ​ကောင်းအဆိုးကိုသိရသည်​။ ။
ကြာသပ​တေးဂြိုဟ်
စီးပွား​ရေး ၊ပညာ​ရေး၊ဆရာ၊​ငွေဝင်​လမ်း၊အိမ်​၊​ရွှေ၊ဘုရားတရားကြည်​ညိုခြင်း၊ သူတပါးအကျိုး​ဆောင်​ပု​ရောဟိတ်​ဆရာ၊ကိုယ်​ပိုင်​လုပ်​ငန်း
ဖြစ်​​ထွန်း​ရေး၊တရားအားထုပ်​ခြင်းထက်​မြတ်​​သောဉာဏ်​၊တိုင်​ပင်​​ဆွေး​နွေးခြင်း၊ စိတ်​ထက်​မြတ်​စူးရှခြင်း၊မိတ်​​ဆွေသူငယ်​ချင်း၊အသားအ​ရေ၊ ဆင်​ခြင်​တုံတရားရှိခြင်း၊ တရားသူကြီး၊ဘဏ်​အလုပ်​နှင့်​ဆိုင်​ရာလုပ်​ငန်း၊​ငွေစာရင်းဌာန၊ကြိုတင်​သိတတ်​ခြင်း၊တရားနှင့်​ပတ်​သက်
သောပညာ၊​ကျောက်​ထည်​ပစ္စည်း၊​ရွှေ​ငွေစု​ဆောင်းရာဌာန၊အသီးသီး​သောသစ်​ပင်​၊ကြီးပွားချမ်းသာမှု၊ဂုဏ်​သတင်း​ကျော်​​ဇော်​မှု၊အကြံ​ပေး​ကောင်းခြင်း၊အသက်​အာမခံခြင်း၊အဆီများ၍ဖြစ်​တတ်​​သော​ရောဂါ၊အသည်းနှင့်​ဆိုင်​​သော​ရောဂါ၊ပြည်​တည်​​သောအနာများနီ၍အသား
ပေါ်တွင်​​ယောင်​လာ​သော​ရောဂါ၊အဆီဆုတ်​ယုတ်​၍ဖြစ်​တတ်​​သော​ရောဂါ၊​သွေးဖြူဆင်း​သော​ရောဂါအစာမ​ချေနိုင်​​သော​ရောဂါ၊စသည်​တိုကိုသိနိုင်​သည်​၊။
မှတ်​ချက်​။ ။ထူလအန္တရဒသာစ​သောအခါ အားရှိအားမဲ့ ကို​ဝေဖန်​၍ အ​ကောင်းအဆိုး ကိုသိနိုင်​သည်​။ ။
သောကြာဂြိုဟ်
အိမ်​​ထောင်​​ရေး၊ လိင်​နှင့်​ပတ်​သက်​​သောစာ​ပေပညာ၊ကာမအာရုံ၊ ပန်းပွင့်​ပန်းပင်​၊ မျက်​​စေ့၊ ​ငွေ၊​ကျောက်​မျက်​ရတနာနှင့်​စီမံထား​သောလက်​ဝတ်​တန်​ဆာ၊သွားလာ​ရေးနှင့်​ပတ်​သက်​​သောယာ​ဉ်​များ၊​မျှော်​စင်​၊အဘိုးထိုက်​တန်​​သောအဝတ်​တန်​ဆာ၊စပါး၊ အစာ​ရေစာ၊တီးမှုတ်​ခြင်းနှင့်​သက်​​ဆိုင်​​သောပစ္စည်း၊တန်​ဆာပလာများ၊ကိုယ်​ကာယတောင့်​တင်း​၍ကျန်းမာခြင်း၊ မိမိစိတ်​ဆန္ဒအတိုင်းပြုလုပ်​ခြင်း၊မိမိကိုယ်​ကိုအားကိုးခြင်း၊သီချင်းစပ်​ခြင်း၊သီချင်းဆိခြင်း၊အတီးအမှုတ်​၊အဆိုအကတီထွင်​ခြင်း၊ကဗျာ၊လကာင်္၊တေးထပ်​စပ်​ချင်း၊ကျမ်းပြုခြင်း၊လူအ​ပေါင်းတို့၏ပူ​ဇော်​ခံရခြင်း၊မှီခိုရဖြစ်​ခြင်း၊စီးပွားချမ်းသာခြင်း၊ပြဇာတ်​ဆရာ၊ရုပ်​ရှင်​ဒါရိုက်​တာဝတ္တုနှင့်​​ဆောင်းပါးထုပ်​​ဝေ​သောအလုပ်​များကာမ
ဂုဏ်​​ကိုတက်​ကြွ​စေ​သောဝတ္တုနှင့်​​ဆောင်းပါးများ​ရေး​သောစာ​ရေးဆရာ၊​လောကီစည်းစိမ်​ချမ်းသာကိုတိုးတက်​​အောင်​ကြိုးစားအားထုတ်​ခြင်း၊ ပစ္စည်းချမ်းသာ​သောဂုဏ်​မာနရှိခြင်း၊အဖိုးထိုက်​တန်​​သောတိုက်​တာအ​ဆောက်​အအုံများ၊​ပျော်​ရွှင်​မှုအတွက်​ခရီးသွားခြင်း၊ဇိမ်​ခံခြင်း၊​ဆေးဝါးပစ္စည်း၊အ​မွှေးအကြိုင်​၊ကာလသား​ရောဂါ၊အနံ့ခံအားနှင့်​ဆိုင်​​သော​ရောဂါစသည်​တိုကိုသိနိုင်​သည်​။  ။
မှတ်​ချက်​။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကိုဝေဖန်​၍ အ​ကောင်းအဆိုး သိနိုင်​သည်​။  ။
မွေးဖွားရာသီအ​ဟော(၁)
မိဿ       ရာသီဖွား
စိတ်​အားထက်​သန်​သည်​ ၊မင်းနှင့်​တူညီ​သောစည်းစိမ်းချမ်းသာနှင့်​ပြည့်​စုံမည်​ ၊စီးပွား​ရေး​အောင်​မြင်​မည်​ ၊ဉာဏ်​ပညာဗဟုသုတနှင့်​ပြည်​စုံမည်​ ၊ဆရာ၊မိဘကိုရို​သေ​လေးစားတတ်​သည်​ ၊အလုပ်​တစ်​ခုလုပ်​မည်​ဆို ပြီးစီး ​အောင်​ မြင်​သည်​အထိလုပ်​တတ်​သည်​၊စီးပွား​ရေး​အောင်​မြင်​မည်​၊စကား​ပြောလိမ္မာတတ်​သည်​၊ အကျင့်​စာရိတ္တ​ကောင်းတတ်​သည်
ပြိဿ       ရာသီဖွား
စိတ်​သ​ဘောထက်​မြတ်​သည်​၊ မာနကြီးတတ်​သည်​၊ဂုဏ်​ကျက်​သ​ရေရှိတတ်​သည်​၊ မည်​သည့်​ကိစ္စကိုမဆို အချိန်​ယူလုပ်​ကိုင်​တတ်​သည်​၊​ဒေါသကြီးတတ်​သည်​၊ သားသမီးအကျိုးကိုခံစားရတတ်​သည်​၊သည်းခံတတ်​သည်​ရဲစွမ်းသတ္တိ ရှိတတ်​သည်​၊မခံချင်​စိတ်​ရှိတတ်​သည်​၊သူ​တေူာ်​​ကောင်းလက္ခဏာနှင့်​ပြည်​စုံတတ်​သည်​၊ဉာဏ်​ပညာဗဟုသုတနှင့်​ပြည့်​စုံတတ်​၏။စီးပွား​ရေး အ​ခြေအ​နေ​တေင်​တင်း၍ဂုဏ်​သ​ရေအဆင့်​အတန်းမြင့်​တတ်​သည်​။အမျိုးအနွယ်​နှင့်​​ဆွေမျိုးသားချင်းတို့၏ဂုဏ်​ကိုမြင့်​တင်​​ပေးသူဖြစ်​တတ်​သည်​။အ​မြှော်​အမြင်​ဉာဏ်​ပညာရှိသည်​၊စီးပွားရှာ​ဖွေရတွင်​ကျွမ်းကျင်​မည်​။ 
မေထုန်​ရာသီဖွား
အ​ခြေအ​နေခိုင်​မြဲ​သော လုပ်​ငန်းကိုကြံစည်​တတ်​သည်​အဆုံးအဖြတ်မြန်လွန်း၍အမှားအယွင်းရှိတတ်​သည်​။စိတ်​ကူးယဉ်​တတ်​သည်​။စီးပွား​ရေးကံညံ့တတ်​သည်​။စိုးရိမ်​စိတ်​များတတ်​၏။စကား​ပြောကြမ်းတတ်​၏။မည်​သည့်​ကိစ္စမဆိုနက်​နက်​နဲနဲ့ဝေဖန်​ဆုံဖြတ်​၍ရည်​ရွယ်​ချက်​ချက်​ရှိသည့်​အတိုင်းမ​အောင်​မချင်းပြုလုပ်​ရင်​​အောင်​မြင်​မည်​။
ကရကဋ်​ရာသီဖွား
မွေးဖွားပြီး၁လအတွင်းပြင်းထန်း​သောဖျားနာတတ်​သည်​။စီးပွားချမ်းသာမည်​။စိတ်​ကူးယဉ်​တတ်​သည်​။အရာရာတွင်​စိတ်​​ဆောင်​သ​လောက်​အလုပ်​လုပ်​ကိုင်​ရာတွင်​​အေးစက်​စက်​ရှိတတ်​၏။စိတ်​ကူးစဉ်းစားမိသည့်​အတိုင်းစိတ်​အားထက်​သန်​စွာ​ဆောင်​ရွက်​လုပ်​ကိုင်​တတ်​သည်​။အ​ခြေအမြစ်​ခိုင်​မြဲတည်​တန့်​​သောလုပ်​ငန်​မျိုးကိုအ​ဗကာင်​ထည်​​ပေါ်​အောင်​ဇွဲရှိရှိလုပ်​ကိုင်​တတ်​သည်​သီလသမာဓိရှိ၏မည်​သည့်​ကိစ္စကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​အချိန်​ယူစဉ်းစားသဖြင့်​ဒွိဟသံသယစိတ်​​ပေါ်တတ်​သည်​။
သိဟ်​ရာသီဖွား
မင်းအစိုးရ၏ ကြည်​ညိုခြင်းကိုခံရတတ်​သည်​ ။မည်​သည့်​လုပ်​ငန်းကိုမဆိုစိတ်​အားထက်​သန်​စွာလုပ်​ကိုင်​တတ်​သည်​ ။မခံချင်​​သောစိတ်​အပြည့်​အဝရှိတတ်​သည်​။စီးပွားဥစ္စာချမ်းသာတတ်​သည်​။မည်​သည့်​ပြဿ       နာကိုမဆို​ဝေဖန်​ဆုံးဖြတ်​ရာတွင်​တိကျမှန်​ကန်​စွာ သဘဝကျကျ​ဝေဖန်​ဆုံးဖြတ်​သည်​ကြံစည်​လုပ်​ကိုင်​ရာတွင်​လည်း​ရှေ့​နောက်​​ဝေဖန်​ပြီးလုပ်​ကိုင်​တတ်​သည်​။ ဘာသာ​ရေးတရားကိုကြည်​ညို​လေးစားတတ်​သည်.။ သဘာဝနှင့်​ဆန့်​ကျင်​​သော သူကို အမှန်​တရားဖြင့်​​ဝေဖန်​၍ ပြင်းပြင်းထန်​ထန်​ အတုက်​အခံလုပ်​တတ်​သည်​။စီးပွား​ရေးကံ​ကောင်းသည်​။သားသမီး အ​ချွေအရံ​ပေါများသည်​။စိတ်​ကူးဉာဏ်​​ကောင်းသည်​။ ။
ကန်​ရာသီဖွား
စူးရှထက်​မြတ်​​သောအသိဉာဏ်​ရှိတတ်​သည်​ ရန်​သူကိုအနိုင်​ရတတ်​သည်​ ။မည်​သည့်​လုပ်​ငန်းကိုမဆိုကျွမ်းကျင်​နားလည်​​သော်​လည်းစည်းစနစ်​ကျ​အောင်​မလုပ်​တတ်​​သော​ကြောင့်​ မိမိရသင့်​ရထိုက်​​သောအခွင့်​အ​ရေး​ကောင်းများလက်​လွတ်​တတ်​သည်​။ စီးပွား​ဥစ္စာချမ်းသားရမည်​ တိုးတက်​​အောင်​မြင်​လို​သောစိတ်​ရှိ​သော်​​ကြောင့်​​အောင်​မြင်​ရမည်​ အကြံအစည်​ ပြုရာတွင်​​အေးစက်​စက်​ရှိတတ်​သည်​ ဦး​ဏှောက်​ ​အေး​အေးဖြင့်​​အောင်​မြင်​သည်​အထိလုပ်​ကိုင်​​ဆောင်​ရွက်​ရာတွင်​​အောင်​မြင်​မည်​။
တူရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်​သည်​ ။ခေါင်းမာ၏ ။မစဟုတ်​မခံစိတ်​ရှိ၍ အလုပ်​အကိုင်​အကိုင်​တို့ကိုကြံစည်​လုပ်​ကိုင်​ရာတွင်​ ​အောင်​မြင်​သည်​အထိဇွဲရှိရှိနှင့်​ကြိုးစားလုပ်​ကိုင်​တတ်​သည်​။ အခက်​အခဲနှင့်​ကြုံ​တွေ့​သောအခါ​နှောက်​ဆုတ်​ခြင်းမရှိပါ။ မိမိရည်​ရွယ်​ချက်​ထားသည့်​အတိုင်​လုပ်​ကိုင်​တတ်​သည်​။ စီးပွား​ရေးမှာ စိတ်​အားထက်​သန်​မှုရှိသည်​။စီးပွား​ရေးအခက်​အခဲ မကြာခဏ​ ရင်​ဆိုင်​ရတတ်​သည်​ ။လုံးလဝီရီယအားရှိသည်​။ မခံချင်​စိတ်​ အားကြီးတတ်​သည်​ ။မည်​သည့်​ကိစ္စကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​ထိ​ရောက်​စွာလုပ်​ကိုင်​တတ်​သည်​။
ဗြိစ္ဆာရာသီဖွား
စီးပွားဥစ္စာချမ်းသားတတ်​သည်​။ သည်းခံစိတ်​ရှိသည်​။မည်​သည့်​ကိစ္စကိုမဆို ရုတ်​တရက်​ဆုံးဖြတ်​ခြင်းမရှိပါ။ဦး​ဏှောက်​ ​အေး​အေးဖြင့်​စဉ်းစဉ်းစားစား​ဝေဖန်​ပြီး​နှောက်​လုပ်​ကိုင်​ရာတွင်​ အ​နှေးအမြန်​သ​ဘောမထားပဲမှန်​မှန်​လုပ်​ကိုင်​တတ်​သည်​။ ဘုန်းတန်​ခိုး ကြီး၍ ​ကျော်​​စောထင်​ရှားတတ်​သည်​။ မည်​သည့်​အ​ကြောင်းအရာကိုမဆို​ဆောင်​ရွက်​လုပ်​ကိုင်​ရမည်​ဆိုလျှင်​သဘာဝကျကျနက်​နက်​နဲနဲ​ဝေဖန်​ဆုံးဖြတ်​ပြီးထိ​ရောက်​စွာ​အောင်​မြင်​​စေလို​သောဆန္ဒရှိသဖြင့်​စိတ်​အားထက်​ထက်​သန်​သန်​လုပ်​ကငို​တတ်​သည်​။ဂုဏ်​ကျက်​သ​ရေနှင့်​ပြည့်​စုံမည်​။ အမျိုးအနွယ်​ထဲတွင်​ထင်​​ပေါ်​ကျော်​​စောတတ်​သည်​။ သည်းခံတတ်​​သောသ​ဘောရှိ၏။သည်းမခံနိုင်​​သောအခါ​ဒေါသကြီးခြင်းကိုအပြင်​မထွက်​​စေပဲမျိုသိပ်​တတ်​ပြီးရင်​ထဲမှာပူ​ဆွေး​နေတတ်​သည်​။
ဓနုရာသီဖွား
ထက်​မြတ်​စူးရှ​သောအသိဉာဏ်​ရှိသည်​။ မိမိရည်​ရွယ်​ချက်​ထားရှိသည့်​အတိုင်းဇွဲရှိရှိနှသ်​အထ​မြောက်​​အောင်​မြင်​သည့်​အထိလုပ်​ကိုင်​တတ်​သည်​။ခေါင်းမာ၍မာနကြီးတတ်​သည်​။ စိတ်​ကူးယဉ်​သ​ဘောထားရှိ၍မည်​သည့်​ကိစ္စကိုမဆိုထထကြွကြွလုပ်​ကိုင်​​လေ့မရှိသဖြင့်​မိမိရသင်​ရထိုက်​​သောအခွင့်​အ​ရေး​ကောင်းတို့သည်​ဆုတ်​ယုတ်​သွားတတ်​သည်​။ မှားသည်​ဖြစ်​​စေမှန်​သည်​ဖြစ်​​စေတခြာသူတု့၏အကြံဉာဏ်​ကိုလက်​မခံပဲမိမိရည်​ရွယ်​ချက်​ရှိသည့်​အတိုင်​လုပ်​ကိုင်​တတ်​သည်
မကာရရာသီဖွား
စိတ်​မြန်​သ​လောက်​​ဝေဖန်​ဆုံဖြတ်​ရာတွင်​လျင်​မြန်​ခြင်းမရှိပါ။ စိတ်​တို​ဒေါသကြီးတတ်​သည်​ ထိန်းချုပ်​နိုင်​ပါသည်​။ဆရာသမားဂုဏ်​​ကျေးဇူးကိုသိတတ်​သည်​။ ​ဝေဖန်​ဆုံးဖြတ်​ရာတွင်​ငဘာဝကျကျ​ဝေဖန်​တတ်​သည်​။ မည်​သည့်​ကိစ္စကိုမဆို လုပ်​ကိုင်​ရာတွင်​ စိတ်​အားထက်​သန်​စွာဖြင့်​ထိထိ​ရောက်​​ရောက်​လုပ်​ကိုင်​တတ်​သည်​။အကျင့်​သီလ​ကောင်းသည်​။ အတိုက်​အခံစိတ်​ကင်းပြီးငြိမ်းချမ်း​ရေးကိုဦးစား​ပေးတတ်​သဖြင့်​ ပဠိပက္ခမှုကို​ပြေလည်​​အောင်​ဆုံးဖြတ်​တတ်​သည်​။ ဇွဲသတ္တိ​ကောင်းသည်​။ အ​ခြေအမြစ်​ခိုင်​မြဲ​သောလုပ်​ငန်းကိုကြံစည်​လုပ်​ကိုင်​တတ်​သည်​။ဘုရးတရားကိုကြည်​ညို​လေးစားတတ်​သည်​။
ကုမ်​ရာသီဖွား
မိမိရည်​ရည်​ရွယ်​ချက်​ရှိသည့်​အတိုင်​စိတ်​အားထက်​သန်​၍ထိ​ရောက်​စွာလုပ်​ကိုင်​တတ်​သည်​။ ဂုဏ်​ကျက်​သ​ရေနှင်​ပြည်​စုံမည်​။ ဇွဲလုံ့ လ ရှိသည်​။သားသမီးအကျိုးခံစားရတတ်​သည်​။ စဉ်းစာ​ဝေဖန်​ပြီးအလုပ်​လုပ်​ကိုင်​တတ်​သည်​။ ဉာဏ်​ပညာထက်​မြတ်​သည်​။စီးပွား​ရေးလုပ်​ကိုင်​ရတွင်​မိမိကိုယ်​ကိုယ်​ မိမိအား​ပေးပြီးလုပ်​ကိုင်​​လေရှိသည်​။သူ​တော်​​ကောင်းစိတ်​ရှိသည်​​။ရုတ်တရက်ဒေါသကြီးတတ်​သည်​။ နက်​နက်​နဲနဲ​ဝေဖန်​ပြီးမြန်​သည်​​နှေးသည်​သ​ဘောမထားပဲတာဝန်​ရှိသည့်​အတိုင်းမှန်​မှန်​လုပ်​​ဆောင်​တတ်​သည်​။ ။
မိန်​ရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်​သည်​။ သနားကြင်​နာတတ်​သော​စိတ်​ရှိသည်​။ အလုပ်​ကိုအမြန်​ပြီး​စေချင်​​သောလည်းစိတ်​ကူးနယ်​ချဲ့လျက်​​နေတတ်​သည်​။ မိမိရည်​ရွယ်​ချက်​ရှိသည့်​ကိစ္စကို​ဆောင်​ရွက်​လုပ်​ကိုင်​ရတွင်​စိတ်​အလိုမကျ၍မူလရည်​ရွယ်​ချက်​မပြီးပြတ်​ခင်​​နောက်​ရည်​ရွယ်​ချက်​တခုသို့​ပြောင်းလဲသွားတတ်​သည်​။ အလုပ်​အကိုင်​ လုပ်​ကိုင်​ရတွင်​ လျို့ဝှက်​တတ်​​သောစိတ်​သ​ဘောထားရှိသည်​။အေးစက်​စက်​နှင်​လုပ်​ကိုင်​တတ်​သည်​။ ​ငွေအကုန်​အကျများတတ်​သည်​။ စိုးရိမ်​ပူပန်​တတ်​၏။ အရာရာတွင်​​အောင်​မြင်​​အောင်​ကြိုးစားယူတတ်​သည်​။ ​လောကီ​ရေးရာထက်​​လောကုတ္တရာ​ရေးရာတွင်​အာရုံစူးစိုက်​တတ်​သည်