Tuesday, October 17, 2017

2017ခု၁၀.၁၁လပိုင်း

🔯၂၀.၁၀.၂၀၁၇ မှ ၁၈.၁၁.၂၀၁၇ အထိ🔯
♏တန်ဆောင်မုန်းလ အတွက်တစ်လစာတမ်းကြီး♏

🌼ခုနှစ်ရက်သားသမီးများအတွက် တစ်လစာဟောစာ
တမ်းကြီးကိုမေတ္တာစေတနာအပြည့်ထားပြီး ဆရာကြီး
မင်းထက်ခိုင်ကိုယ်တိုင်တွက်ချက်ရေးသာတင်ပေးလိုက်ပါ
သည်။🌼

🌞တနင်္ဂနွေနေ့သားသမီးများ🌞

💼စီးပွားရေးကိစ္စ ။လုပ်သလောက်အဆင်ပြေရမည် အချိန်ဖြစ်ပါတယ်။ အလုပ်အကိုင်ကို ဇွဲရှိရှိ လုပ်​မည်​အချိန်​အခါဖြစ်​ပါတယ်​။ အထက်​ လူကြီး ဆရာသမား များက ချစ်​ခင်​​မှု အပြည့်​ရရှိမည်​အခိန်​ဖြစ်​ပါတယ်​။မထင်​မှတ်​ပဲ ​ငွေ​ကြေး များစွာ ဝင်​လာပါမည်​။အထူးသဖြင့်​ အင်္ဂါ သားသမီး များ ကလာ​ရောက်​ ကူညီ​ပေးတတ်​သည်​။စီးပွားကံ​ကောင်းသည်​။
🎓ပညာ​ရေး ကိစ္စ ။သင်​တန်​တက်​ရခြင်း၊ဆရာသမား
လို့ပုဂ္ဂိုလ်​များ ကူညီ ​စောင့်​ကြပ်​ ​ပေးခြင်းခံရမည်​။ အ​ပေါင်း
အသင်း ​ကြောင့်​ ပညာ​ရေးမှာ အ​နှောင့်​အယှက်​ ကြုံ​တွေ့
ရတတ်​သည်​။
🏥ကျန်းမာ​ရေးကိစ္စ။ရေချိုးမှားပြီးဖျားတာ။အစားမှားတာ
ဖြစ်​တတ်​သည်​။ ဆိုးဆိုးဝါးဝါး ​တော့မဖြစ်​ပါ။ကံ​ကောင်း
သည်​။
💑အချစ်​​ရေး။ကိုယ်​အရမ်းချစ်​သ​လောက်​ ကိုယ့်​​ကိုသတိ
ိမေ့​နေ့သူနှင့်​​တွေ့တတ်​သည်​။ကံမ​ကောင်းပါ။စိတ်​ညစ်
စရာများနှင်​ကြုံ​တွေ့ရတတ်​သည်​။
👪အိမ်​​ထောင်​​ရေး။ မိသာစုကတော့ညီညွတ်​မှုရှိသည်​။သို​ပေမဲ့ သူစမ်းများဝင်​​ရောက်​ဂြိုဟ်​​မွေတတ်​သည်​။သတိထားရမည်​အခိန်​ဖြစ်​သည်​။

🚩 ထူးယတြာများ။🚩 နင်္ဂ​နွေ​နေ့​ နံနက်၆နာရီ တွင်​ ​တနင်္ဂ​နွေဂြိုဟ်​ဘုရားမှာ​အောင်​သ​ပြေပန်း၊ ​​သောက်​​တော်​​ရေ
သက်​​စေ့၊သွား​ရောလှူ​ပေးပါ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

🌕တနလာင်္နေ့သားသမီးများ🌕

💼စီးပွား​ရေးကိစ္စ။အလုပ်​က​တော့လုပ်​သ​လောက်​အဆင်​မ​ပြေတဲ့အချိန်ြ​ဖစ်​ပါတယ်​။ ​ငွေ​ကြေး နှင့်​​ပတ်​သက်​ပြီးမမြဲ
တတ်​ပါ ၊လုပ်​သ​လောက်​​မော၊ရသ​လောက်​ကုန်​ရတတ်​ပါတယ်​။အဆင်​​ပြေမယ်​လို့သတ်​မှတ်​ထားတာ​တွေ​တောင်​မရတတ်​ပါ။
🎓ပညာ​ရေး။ ကံ​ကောင်းပါသည်​။ နာမည်​​ကောင်းများရ
ရှိတတ်​သည်​။ ပညား​ရေးနှင့်​ပတ်​သက်​ စိတ်​​ကျေနပ်​စရာများရမည်​။
🏥ကျန်းမာ​ရေးကိစ္စ။ အ​မော​ရောဂါ၊နှလုံး​ရောဂါဖြစ်​လာတတ်​သည်​။ပြီ​တော့ ထိမိခိုက်​မိဖြစ်​တတ်​သည်​။
💑အချစ်​​ရေး။ကိုယ်​ထား​သော ရည်းစာက သူများနှင့်​ချစ်​​နေတတ်​သည်​။အချစ်​​ရေးကံမ​ကောင်းပါ။
👪အိမ်​​ထောင်​​ရေး။မညံပါအဆင်​​ပြေပါတယ်​။ အားနဲချက်​က သူအလိုလိုက်​​နေရတာ ကိုယ်​အတွက်​လုပ်​စရာများ
အလုပ်​နိုင်​ဖြစ်​တတ်​ပါတယ်​။

🚩 အထူးယတြာများ🚩 ။တနလာင်္​နေ့ ည​နေ့၃နာရီ မှာ
တနလာင်္ဂြိုဟ်​ဘုရာမှာ ​သောက်​တော်ရေနှင်ဖယောင်း
တိုင်​ သက်​​စေ့ ဘုရားမှာလှူ​ပေးပါ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

🌎အင်္ဂါသားသမီးများ🌎

 💼 စီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းများပြုလုပ်နိုင်မည်။ ကိုယ့် လက်အောက်ငယ်သားရှိပါကဂရုစိုက်ရမည်အချိန်ဖြစ်သည်။
အလုပ်အကိုင်များလုပ်သလောက်အဆင်ပြေရမည်အချိန်ဖြစ်ပါတယ်။ဇွဲရှိရှိလုပ်မည်အချိန်ဖြစ်ပါတယ်။
🎓ပညာရေးကိစ္စ။ပညာရေးမှာအမျိုးမျိုးအခက်များဝင်လာတတ်သည်။သတိထားပြီးကျိုးစားရမည်အခိန်ဖြစ်ပါတယ်။
💊ကျန်းမာရေးကိစ္စ။အထူးကောင်းပါတယ်
❤အချစ်ရေးကိစ္စ။စိတ်သဘောထားမတိုက်ဆိုင်၍လမ်းခွဲရတတ်သည်။မိဘသဘောမတူတာတို့အကြောင်းအမျိုးအမျိုးပြဿ.  
ဝင်လာတတ်ည်။
👪အိမ်ထောင်ရေးကစ္စ။အဆင်ပြေပါသည်။အိမ်ထောင်ရေးနှင့်ပတ်သက်၍အဆင်ပြေမည်အချိန်အခါဖြစ်ပါတယ်။


🚩အထူးယတြာများ🚩အင်္ဂါနေ့မနက်၈နာရီတွင်
အင်္ဂါဂြိုဟ်ဘုရားမှာဇွန်ပန်း(၉)ပွင့်ကပ်လှူပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎ဗုဒ္ဓဟူးသားသမီးများ🌎

 💼စီးပွားရေးကစ္စ။စီးပွားရေးလုပ်ငန်းလုပ်တွင် အဆင်ပြေမလိုလိုနဲ့ အောင်မြင်မလိုလိုနဲ့ အဆင်မပြေတတ်ပါဘူး။ အလပ်ကတော့
လုပ်နေတာပဲဒါပေမဲ့အရာမထင်ဘူး။အရောင်းအဝယ်လုပ်ရတွင်အရှုံးပေါ်တတ်သည် သတိထားပြီးလုပ်ရမယ်အချိန်ဖြစ်ပါတယ်။
⭐လူမူရေးကိစ္စ။အိမ်ဘေးပတ်ဝန်းကျင်များနှင့် အဆင်မပြေမှုများ ပြဿနာများဖြစ်တတ်ပါတယ်။ အလုပ်အဆင်မပြေဖြစ်မည်။ ဘာပဲလုပ်လုပ် စိတ်အေးအေးထားပါ။ တရားနှင့်ဖြေပါ။ခေါင်းအေးအေးထား၍ဖြေရှင်းပေးရန်လိုအပ်ပါတယ်။
💖အချစ်ရေး/အိမ်ထောင်ရေးကိစ္စ။အချစ်ရေးကြောင့်စိတ်ညစ်ရပါလိမ့်မည်။ အိမ်ထောင်ရှိသူများကတော့ ဘေးစကားမယုံကြပါနဲ့ ယုံမိရင်တော့ သေချာပေါက်ပြဿနာဖြစ်မည်။
 🏥ကျန်းမာရေးကိစ္စ။  ကျန်းမာရေးအနေနဲ့က ဦးခေါင်းပိုင်း သတိထားပါ။ ပညာရေးကတော့ကြိုးစာနိုင်မှတော်ကာကျမှာပါဗျာ

🚩အထူးယတြာများ🚩ဗုဒ္ဓဟူး ​နေ့ည​နေ့၅နာရီ တွင်​အိမ်​ဘုရားမှာ ရွက်​လှပန်းနှင့်​ ဖ​ယောင်​တိုင်​၁၇တိုင်းထွန်းပြီးပူ​ဇော်​​ပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎ကြာသပတေးသားသမီးများ🌎

💼စီးပွားရေးကိစ္စ။စီးပွားရေးလုပ်ငန်းတွင် ရည်ရွယ်ထားသော၊ ရည်မှန်းထားသောလုပ်ငန်းများအကောင်ထည်ဖော်နိုင်မည်။ အရမ်းအဆင်ပြေသောကာလဖြစ်သည်။ဝယ်ချင်နေသောပစ္စည်းများဝယ်နိုင်မည်အထူးသတိပြုရမှာက လူယုံပါ ။ လူယုံသတ်နိုင်ပါတယ်ခင်ဗျာ။ ထို့ကြောင် အမှုကိစ္စမလွတ်ကင်းနိုင်ပါ ။
💖👪အချစ်ရေး/အိမ်ထောင်ရေး။သတိပြုပါကျန်းမာရေးညံ့နေတဲ့ ချစ်သူကြောင့်စိတ်ညစ်ရမယ်။အိမ်ထောင်ရှိသူတွေကတော့အရမ်း
စိတ်ချမ်းသာပါမယ်။
🏥ကျန်းမာရေးခြူခြာတတ်ပါတယ်အညံ့များပြေပျောက်စေရန် သောကြာသားသမီး အိမ်တွင်အချိုပါသောမုန့်ကျွေးပါ။ပညာရေးကံကတော့ ဆရာကောင်းနဲ့တွေ့မှာပါ။

🚩အထူးယတြာများ🚩-ရွှေဖရုံသီးတစ်လုံး မိမိမွေးနေ့ဂြိုလ်ထောင့်တွင် ကပ်လှူပူဇော်ပါ။ သက်ကြီးဝါကြီးများကို မုန့်တီ၊ မုန့်ဟင်းခါးကျွေးမွေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎သောကြာသားသမီးများ🌎

 💼စီးပွားရေးကိစ္စ။လုပ်ငန်းစီးပွားရေးတွင်ဆုံးမည်ဟုထင်ထားသောငွေများပြန်ရလိမ့်မည်။အလုပ်အကိုင်ပြောင်းရွေ့ဖို့စဉ်းစားနေသူများမပြောင်းပါနဲ့အုံးလက်ရှိအလုပ်မှာအဆင်ပြေလာပါလိမ့်မည်။ အလုပ်ရှာနေသူများ အလုပ်ရပါလိမ့်မည်။ စပ်တူရှယ်ယာအကျိုးပေးမည်။
💖👪အချစ်ရေးအိမ်ထောင်ရေးကိစ္စ။အချစ်ရေးအိမ်ထောင်ရေး တွင်မဖြစ်စလောက်ကိစ္စလေးနှင့်စကားများရတတ်သည်။
 👍အသက်ကြီးပိုင်းများ ရပ်ရွာအကျိုးပြုနိုင်မည်။

🚩အထူးယတြာများ🚩ဘုရားမှာသောက်တော်ရေ(၂၁)ခွက်ကပ်ပါ။ သစ္စာပန်း(၃)ပွင့်ကပ်ပါသင်္ဘောသီးတစ်လုံးကပ်လှူပူဇော်ပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌎စနေသားသမီးများ🌎

💼စီးပွားရေးကိစ္စ။ စီးပွားရေးလုပ်ငန်းတွင် အဆင်ပြေပါမယ်။ အိမ် ခြံ မြေ ဝင်မည်ရည်ရွယ်ချက်များအဆင်ပြေလာမည်အရင်ကကိုယ့်ကိုအမြင်မကြည်သူများမလေးစားသူများလေးစားလာခြင်းခံရတတ်သည်။ မထင်မှတ်သော၊ မလုပ်ဖူးသော အလုပ်များလုပ်ရတတ်
သည်။
👪💖အိမ်ထောင်ရေး/အချစ်ရေးကိစ္စ။အိမ်အတွင်း မထင်မှတ်ပဲ ပြဿ     နာများဖြစ်တတ်သည်။ လင်မယားချင်းစကားများရခြင်း မကြာခဏဖြစ်မည်။ ကြားစကားတွေကြောင့် ချစ်သူရဲ့ နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရမည်။
🏥ကျန်းမာရေးကိစ္စ။ကျန်းမာရေးအနေနဲ့ကတော့ ပင်ပန်းမှုတွေကြောင့် စိတ်မောမည်။ မျက်စိနှင့်ပတ်သက်လို့ဂရုစိုက်ပါ။
🎓ပညာရေးကိစ္စ။ပညာရေးမှာအထစ်ငေါ့များကြုံမည်။

🚩အထူးယတြာများ🚩နှင်းဆီ(၁၆)ပွင့်ဘုရားကပ်ပါ။ လမ်းခင်းသည့်နေရာများတွင် တတ်နိုင်သလောက် ပိုက်ဆံလှူပေးပါ။ သံဃာတော်များကို ဖိနပ်လှူပေးပါ။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
🌹အသေးစိတ်သိရှိလိုသူများ ဆရာ့ဖုန်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်နိုင်ပါသည်။🌹📱09262650309
ဆရာမင်းထက်ခိုင် (MDY)

No comments:

Post a Comment