တနင်္ဂနွေနေ့ သားသမီး
ပုတိဖွားအဟော
ကျန်းမာရေး ကံညံ့တတ်သည်။ ငွေကြေး ပေါများ တတ်သည်။ဉာဏ်ပညာထက်မြတ်တတ်သည်။ စိတ်ခံစားမှုလွယ်ကူတတ်သည်။ စီးပွားရေး လုပ်ကိုင်ရတွင်တိကျ ပြတ်သားတတ်သည် ။အလုပ်အကိုင်အဆင်ပြေတတ်သည်။အိမ်ထောင်ရေး အချစ်ရေး ကံမကောင်းတတ်ပါ ။မိသာစုအတွက်ပူပင်သောကများ ကိုခံစားရတတ်သည်။
တနင်္လာ သားသမီး
ပုတီဖွားဇာတာအဟော
ဉာဏ်ပညာ ထက်မြတ်တတ်သည်။ဖြတ်ထိုဉာဏ်ကောင်းသည်။စဉ်းစားတွေ့ခေါ်တတ်သောဉာဏ်ရှိသည်။အလုပ်အကိုင် လုပ်ကိုင်ရင် တိတိကျကျ လုပ်ကိုင်လေရှိသည်။ပြတ်သာသည်။ အိမ်ထောင်ရေး မှာမိမိထက် ဉာဏ်ကောင်းသောသူနှင့်တွေ့တတ်သည်။ အိမ်ထောင်ရေးကံဇာတာကောင်သည်။ လူမှုရေး ပြဿ နာမကြာခဏဖြစ်တတ်သည်။စီပွားရေးအောင်မြင်သောသူတစ်ရောက်ဖြစ်မည်။ကျနိးမာရေး ခဏခဏညံတတ်သည်။
အင်္ဂါ သားသမီး
ပုတိဖွားအဟော
ငယ်စဉ်ဘဝ ကျန်းမာရေး ညံ့တတ်သည်။အသက်၈လမှာရေဘေးအန္တရာယ်တွေ့တတ်သည် ။အသက်၈နှစ် အရွယ်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့၍ ဆေးရုံဆေးခန်း တတ်၍ ကူးသရတတ်သည်။ မိဘ အထူး စိတ်သောကရောက်ရတတ်သည်။လူရွယ်လူလတ်ပိုင်းမှာ အပေါင်းအသင်း ကြောင့် ပူပင်သောကရောက်ရတတ်သည်။ အလုပ်အကိုင်လုပ်ရတွင် ဇွဲလုံ့ လ ရှိတတ်သည်။ ပညာရေးကံ ညံ့တတ်သည်။ အလုပ်အကိုင် လုပ်ကိုင်ရတွင် ဆုံးဖြတ်ချက် မြန်၍ ဆုံးရှူံး မှာများတတ်သည်။ အခှစ်ရေးအိမ်ထောင်ရေးသားသမီးရေးကံကောင်ပါသည်။ ဘာသာတရားကိုင်းရှိုင်းတတ်သည်။
ဗုဒ္ဓဟူး သားသမီး
ပုတိဖွားဇာတာအဟော
ဉာဏ်ပညာ ထက်မြတ်တတ်သည်။အသက်ရှည်သည်။ငွေကြေး ပေါများတတ်သည်။အလုပ်အကိုင်လုပ်ကိုင်ရတွင်အတိအကျလုပ်ကိုင်တတ်သည်။ စည်းကမ်းတကျ နေတတ်သည်။အိမ်းထောင်ရေးကံကောင်းသည်။ သားသမီး ကံညံ့တတ်သည်။ စိတ်သဘောထာ
ကောင်းတတ်သည်။ မဟုတ်မခံစိတ်ရှိတတ်သည်။
ကြာသာပတေးသားသမီး
ပုတိဖွားဇာတာအဟော
ငယ်စဉ်ဘဝ ကျန်းမာရေး ညံ့တတ်သည်။အစာမချေနိုင်သောရောဂါဖြစ်တတ်သည်။အသက်ရှည်တတ်သည်။ဉာဏ်ပညာ ထက်မြတ်တတ်သည်။မိတ်ဆွေသူငယ်ချင်းပေါများတတ်သည်။သူငယ်ချင်းအပေါင်းအသင်မထားများတိုင်ပင်ဆွေးနွေးချင်း၊အကြံဉာဏ်ရယူချင်းများနှင့်တွေ့တတ်သည်။စိတ်ထက်မြတ်စူးရှတတ်သည်။ဘုရားတရားကြည်ညိုတတ်သည်။ကြီးပွားချမ်းသာမှုနှင်ပြည့်စုံတတ်သည်။
သောကြာနေ့ သားသမီးများ
ပုတိဖွားအဟော
ဉာဏ်ပညာ ထက်မြတ်တ်သည်။ပညာရေး၌အောင်မြင်သည်။အလုပ်အကိုင်လုပ်ကိုင်ရာတွင်တိတိကျကျလုပ်ကိုင်တတ်သည်။ ဇွဲလုံ့ လ
ရှိတတ်သည်။ဘာသာရေးဝါသနာပါတတ်သည်။ဖြတ်ထိုဉာဏ်ကောင်းသည်။ပျော်ပျော်ရွှင်ရွှင်နေတတ်သည်။ အိမ်ထောင်ရေးကံညံတတ်သည်။အချစ်ရေးကံကောင်းတတ်သည်။ စန်းပွင့်တတ်သည်။လူလတ်ပိုင်းတွင် ကျန်းမာရေး ခဏခဏညံ့တတ်သည်။ကိုယ်ပိုင်လုပ်ငန်းအကျိုးပေးသည်။အိုဇာတာကံကောင်းတတ်သည်။
စနေနေ့သားသမီး
ပုတိဖွားအဟော
အသိပညာဗဟုသုတများရှိတတ်သည်။ဖြတ်ထိုဉာဏ်ကောင်းတတ်သည်။ကျောင်းအတန်းပညာအားနဲတတ်သည်။အလုပ်အကိုင်လုပ်ကိုင်ရတွင်ကြိုးစားမှုရှိတတ်သည်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရာတွင်အဆင်ပြေတတ်သည်။အချစ်ရေး ၊အိမ်ထောင်ရေးကံကောင်းတတ်သည်။သားသမီး ကံညံ့တတ်သည်။ လူချစ်လူခင်ပေါများတတ်သည်။ဘာသာတရားဝါသနာပါတတ်သည်။ ဘာသာရေးအလုပ်အကိုင်များလုပ်ရတတ်သည်။
Sunday, September 24, 2017
Wednesday, September 20, 2017
ဘင်္ဂဖွားဇာတာအဟော
တနင်္ဂနွေနေ့ သားသမီး
ဘင်္ဂဖွားအဟော
အသက်၆လ၆နှစ်၁၅အထိကျန်းမာရေး ညံ့တတ်သည်။ အပူတပြင်း နေရတတ်သည် ဖခင်စိတ်မောရတတ်သည်။ မိသားစု စိတ် ပျော်ရွှင်မှုတတ်သည်။ မိဘဆရာသမားကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သည်။အသက်၁၆.၂၆.၃၆.အထူး အခွင့်အရေး များရရှိမည်။လူချစ်လူခင်ပေါများတတ်သည်။မိသားစု ကို ထိန်းသိမ်း ကူညီပေးနိုင်သူတစ်ယောက်ဖြစ်မည်။အလုပ်ကြီးအကိုင်ကြီးလုပ်ရတတ်သည်။ မင်းအစိုးရ၏ ကူညီထောက်ပံမှုရရှိတတ်သည်။
တနင်္လာ သားသမီး
ဘင်္ဂဖွားအဟော
စိတ်ကူးယဉ် တတ်သည်၊ဉာဏ်ပညာထက်မြတ်တတ်သည်။အိမ်ထောင်ရေးနှင့်အချစ်ရေကံကောင်းတတ်သည်။မိသားစု အသိုက်အ
ဝန်း မှ အထောက်အကူမရနိုင်ပါ။အလုပ်အကိုင်လုပ်ရာတွင် တိကျပြတ်သာမူရှိ သည်ဉာဏ်ပညာနှင့်အလုပ်လုပ်ကိုင်တတ်သည်၊။
အင်္ဂါ သားသမီး
ဘင်္ဂဖွားအဟော
ငယ်စဉ်ကျန်းမားရေးညံ့တတ်သည် မိသားစုပူပင်သောကရတတ်သည် ဘာသာတရား စိတ်ဝင်စားတတ်သည်ပညာရေးကံမကောင်းပါ ။ ပွင့်လင်းတတ်သည် ။ဖြတ်ထိုဉာဏ်ကောင်းသည်။ စီးပွားရေး လုပ်ကိုင်ရာတွင်အောင်မြင်မှု ရရှိသည့်အထိလုပ်ကိုင်တတ်သည် ။ ဇွဲလုံ့ 
လရှိသည်။
ဗုဒ္ဓဟူး သားသမီး
ဘင်္ဂဖွားအဟော
ငယ်စဉ်က ရေဘေးအန္တရာယ်တွေ့တတ်သည်။ပညာရေးကံကောင်းတတ်သည်။အိမ်ထောင်ရေးနှင့်သားသမီးကံကောင်းတတ်သည်။စီးပွားရေးလုပ်ကိုရာတွင်နာမည်ကြီးသလောက်အဆင်မပြေတတ်ပါ။လူချစ်လူခင်ပေါ့များတတ်သည်
ကြာသပတေး သားသမီး
ဘင်္ဂဖွားအဟော
အပူပင်သောကများတတ်သည်။ မိသားစု ကိုချစ်မြတ်နိုး တန်ဖိုးထားတတ်သည်။ အပေါင်းအသင်း များတတ်သည်။လူချစ်လူခင်ပေါများတတ်သည်။ဉာဏ်ပညာထက်မြတ်တတ်သည်။ စီးပွားရေး လုပ်ကိုင်ရာတွင် အတိအကျလုပ်ကိုင်တတ်ပြီး အစွမ်းကုန် ဇွဲလုံ့ လ ဖြင့်လုပ်ကိုင်တန်သည်ငယ်စဉ်ဘဝတွကျန်းမားရေးညံတတ်သည်။
သောကြာသားသမီး
ဘင်္ဂဖွားအဟော
ရွှေငွေ ဥစ္စာချမ်းသာတတ်သည် ။စက်ပစ္စည်း အကျိုးပေးတတ်သည် ။ဉာဏ်ပညာထက်မြတ်တတ်သည်။အိမ်ထောင်ရေး ကံမကောင်း
တတ်ပါ။လူချစ်လူခင်များတတ်သည်။ အလုပ်ကိုင်လုပ်ရာတွင် တိကျ မှုရှိသည်။ဖြတ်ထိုးဉာဏ် ကောင်းသည်။ အလုပ်ငြီးအကိုင်ကြီးလုပ်ရတတတ်သည်။
စနေနေ့. သားသမီး
ဘင်္ဂဖွားအဟော
ငယ်စဉ်ဘဝ ကျန်းမာရေး ညံတတ်သည် ၊ရေဘေးမီးဘေးအန္တရာယ်တွေ့တတ်သည်၊အသက်ကြီးပိုင်းမှာ ခေါင်းဆောင် ဆရာဖြစ်တတ်သည်၊ ပညာရေးကံဇာတာကောင်းသည်၊အိမ်းထောင်ရေးကံဇာတာညံတတ်သည်။ ဘာသာတရား တန်ဖိုးထားတတ်သည်။ လုပ်ကိုင်ရတတ်သည်။ဘဝကံဇာတာကောင်းပါသည်။ အတိုက်အခံ မျညားတတ်သည်။ အောင်မြင်မှူရမည်။

Tuesday, September 19, 2017
ဂြိုဟ်အဟော(၂)
စနေဂြိုဟ်
ကျွဲ၊မြင်း၊ဆင်၊ခြေထောက်မရှိပဲတွားသွား၍သွားသောအကောင်များ၊ ဆီ၊ကာမစပ်ယှက်ရာလွန်ကဲခြင်း၊ လယ်ယာကိုင်းကျွန်း၊ မြေအားလုံးမှထွက်သောစပါး၊အသီးအနှံ အပွင့်၊အဖူး၊ သစ်ရွက်၊သစ်ညွှန့်အားလုံး၊မြေတောင်ပို့၊ဂုံလျော်နှင့်- ရက်လုပ်သောအထည်၊တိုင်ပြည်အားလုံး၊သစ်ပင် ၊ထင်း၊ တုတ်၊ဓား၊လှံ၊သေနတ်၊လက်နက်မျိုးစုံ၊စစ်တိုက်ခြင်း၊စစ်ချီတက်ခြင်း၊ဆံပင်အမွေးအမှင်လိပ်ခေါင်းရောဂါ၊ဒူလာဝမ်းရောဂါ၊ ချွန်ထက်သောလက်နက်၊ဆူးငြောင့်စူး၍နာခြင်း၊စစ်တုရင်၊ကြွေအံကစားခြင်း၊လေးကောင်ဂျင်၊ကျားထိုးခြင်းစသောကစားနည်းမျိုးစုံ၊ ကောက်ကျစ်စဉ်းလဲသောကစားနည်းမျိုးစုံ၊မီးဘေးအန္တရာယ်၊ခရီးဝေးသွားလာသောလမ်း၊နယ်ခြား၊နိုင်ငံခြားခရီး၊အိမ်တွင်းရေးရန်ပွားခြင်း၊ဇာတ်နိမ့်ခြင်း၊ရောဂါဝေဒနာ၊အသက်သေခြင်း၊သေခြင်းတရားအကြောင်း၊ကိုယ်ခန္တာရှိသေးသွယ်သောလေကြောများ၊ချက်၊ဒုက္ခဆင်းရဲသောဒါဏ်၊အပြစ်မကင်းသောအကြံအစည်ထုပ်ခြင်း၊ ကံဆိုးမိုးမှောင်၊ တောင်သူလယ်သမားများ၊ ကျောက်တွင်းများ၊ ကျောက်မီး
သွေး၊နီလာကျောက်၊သုဿ န်၊ထောင်၊အချုပ်ခန်း၊ မည်းသော အစေ့များ၊ပိုက်ဆံလျှော်၊ဘာလီစေ့၊အကြောလျှော့စေသောဆီ၊အကြောအချဉ်ကိုက်သောရောဂါ၊သွားကိုက်ရောဂါ၊ပန်းနာ၊တီပီရောဂါ၊ ဝက်ရှုးပြန်ရောဂါ၊ဆီးအိမ်၊လက်ဖျန်ရိုး၊ ခြေသလုံး အရိုး၊ လက်ကောက်ဝတ်၊ခြေထောက်၊စိတ္တဇ ရောဂါစသည်တို့ကိုသိနိုင်သည်၊။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။ ။
ရာဟူးဂြိုဟ်
ခရီးသွားသောအချိန်အခါ၊မြွေ၊အဆိတ်ရှိသောသတ္တဝါ၊အနှောက်တောင်အရပ်၊ ညအခါ၊အိမ်ခြင်း၊အိမ်တံခါးပေါက်၊ဝင်ပေါက်ထွက်ပေါက်၊ခရီးထွက်ခြင်း၊ငံသောအရသာ၊အဝတ်အတိုအစများနှင့်ချုပ်လုပ်ထားသောအိပ်ယာခင်း၊ ခဲ၊ဖခင်ဘက်ဆိုင်ရာအဖိုး၊လေမုန်တိုင်း၊လူရိုင်း၊တောနက်ကြီး၌နေထိုင်သူ၊မီးခိုးရောင်၊အမျိုးနိမ့်သူ၊ပျောက်ကျားဖာထေးထားသောအဝတ်၊လောင်ကစားခြင်းဝါသနာ၊လေရောဂါ၊အလုပ်အကိုင်နှေးခြင်း၊နိုင်ငံခြားခရီး၊ဝမ်းရောဂါ၊အနာကြီးရောဂါ၊ဝက်ရူးပြန်ရောဂါစသည်တို့ကိုသိနိုင်သည်။ ။ ။
မှတိချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကို ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။
ကိတ်ဂြိုဟ်
အနာ၊အရေပါးနှင့်ဆိုင်သောရောဂါ၊အချဉ်အရသာ၊အမေဘက်ကဆိုင်ရာအဖိုး၊ အနာဆွေးပေါက်ခြင်း၊ဂရင်ဂျီနာ၊လိပ်ခေါင်းနာ၊အစာရေစာငတ်ပြတ်၍ဒုက္ခရောက်ခြင်း၊သူတောင်းစား ၊ခြေလက်မရှိ၍တွားသွာတတ်သောအကောင်များ၊မြေတောင်ပို့၊အမျိုးနိမ့်သူ၊မည်းနက်သောသတ္တု ၊ဆွေးမြေ့စုတ်ပြတ်၍ဆပ်ဟပ်ဖာထေးထားသောအဝတ်၊ကာလဝမ်းရောဂါနှင့်အခြားကူးစက်တတ်သောရောဂါ၊ကျောက်ရောဂါ စသည်တိုကိုသိနိုင်သည်။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။

Sunday, September 17, 2017
ဂြိုဟ်အဟော(၁)
တနင်္ဂနွေဂြိုဟ်
တိုင်ပြည်၊ဘုရင်နန်းတော်၊သစ်တော၊တောင်တန်း၊ဒေသ၊နီသောအဝတ်၊ပတ္တမြား၊ကျောက်နီ၊နယ်မြေ၊အကျင့်စာရိတ္တ၊ကျန်းမာခြင်း၊လွင်ပြင်မြေ၊အထက်လူကြီး၊ဂုဏ်အသရေရှိလူတန်းစာ၊တရားဥပဒေဆိုင်ရာပုဂ္ဂိုလ်များ၊တရားသူကြီး၊အခြားသူတို့ကိုဆွဲဆောင်မှု၊စိတ်တန်ခိုး၊အကြောအမြှင်တို့၏အား၊စိတ်လှုပ်ရှားခြင်း၊ဂုဏ်သတင်းကျော်စောမှု၊မြို့တော်များ၊ဦးခေါင်း၊ဝမ်ဗိုက်၊နှလုံး၊အူ၊သွေးကြောများ၊သွေးလည်ပတ်မှု၊မျက်စိ၊ဦးဏှောက်၊အာခေါင်၊သရက်ရွက်၊သွေးတိုးရောဂါ၊အပြင်းဖျားခြင်း၊ဦးဏှောက်ပျက်ခြင်း၊နား.နှာခေါင်း.လည်ချောင်းတို့တွင်ကူးစက်တတ်သောရောဂါများဖြစ်ခြင်း၊တဖြေးဖြေးပိန်ခြောက်သောအနာမျိုး၊ဝမ်းရောဂါ၊လောင်စာ၊သားရေ၊သိုးမွေး၊အဆိပ်၊ဆေးဝါးပစ္စည်း၊ဂျုံ၊မင်းမှုထမ်းများ၊စသည်တို့ဖြစ်သည်၊၊
မှတ်ချက် ။ ။
ထူလ အန္တရဒသာစားသောအခါအားရှိအားမဲ့ဝေဖန်၍ အားကောင်းလျှင် အကျိုးပေးမည်။အားနည်းလျှင်အညံ့ဟောနိုင်သည်။ ။
တနင်္လာဂြိုဟ်
ကိုယ်ခန္ဓဆူဖြိုးခြင်း၊မွေးကြိုင်သောပစ္စည်း၊အနံ့ခံခြင်း၊အရသာနှင့်ပတ်သက်ခြင်း၊ သွားလာခြင်း၊ လမ်း၊ မင်းအကျိုးဆောင်ခြင်း၊ ဗြဟ္မဏ အကျင့်အားသန်ခြင်း၊ အလုပ်အကိုင် ၊မျိုးစေ့စပါး၊ ငွေ ၊ပန်း၊ သစ်သီး၊ အလိုဆန္ဒ၊ စိတ်ဖြင့်သိမှတ်တတ်သောဉာဏ်၊ နှလုံး ၊ အလှအပ၊ အသက်ရပ်တည်မှု အတွက်အရေးကြီးသောအားနှင့်သွေးအား၊ အရေရွှမ်းသောသစ်သီး၊ဟင်း သီးဟင်းရွက်၊သီးနှံပင်များ၊မိုးရွာခြင်း၊ ဆေးဝါးပစ္စည်းများ၊ အရက်၊ နွားနို့ ၊မုယောစပါးဂျုံ ၊ကြံပင်၊ ပုလဲ၊ ကူးစက်တတ်သောရောဂါ၊ ကာလသားရောဂါ၊ နှာစေး၊ချောင်းဆိုး၊အသားဝါရောဂါ၊ နှာခေါင်းယောင်ခြင်း၊ ကိုယ်ဝန်ဆောင်မှု၊ သားဖွားခြင်းဝေဒနာ၊ ဝမ်းရောဂါ၊ အစာအိမ်ပျက်သောရောဂါ၊ လည်ချောင်းချွဲကပ့သောရောဂါ၊ ကိုယ်တပိုင်းသေရောဂါ၊ အရေပါးရောဂါ၊ သွေးပြန်ကြောများ၊ အာရုံကြော၊ ဦးဏှောက် ၊အဆီ၊ဝမ်းဗိုက်၊ သားအိမ်၊ ဆီးအိမ်၊ရင်အုံစသည်တို့အတွက်ဖြစ်သည်။ ။
မှတိချက်။ ။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ဝေဖန်၍အကောင်းအဆိုးသိနိုင်သည် ။ ။
အင်္ဂါ ဂြိုဟ်
ပင်ပန်းခံနိုင်ခြင်း၊ စွန့်စားရသောအလုပ်၊ လုံ့ လ ဝီရိယ၊အိမ်ဝင်းခြံ၊ လ်ာယာမြေ၊ အိမ်မြေရာ၊သူခိုး၊ရောဂါ၊မင်းအစိုးရ၏ရန်သူ၊ဆူးများသာသစ်ပင်၊ သားသမီးအကျိုးခံစားခြင်းအခြေလေးချောင်း၊စစ်ပွဲ၊ စစ်မြေပြင်၊ အငြင်းပွားမှု၊စစ်တပ်စက်ကရိယာနှင့်စစ်လက်နက်ပစ္စည်း၊ခြေသလုံးအရိုး၊လွတ်လပ်ရေး၊လက်ချောင်းများ၊ ကျင်ငယ်ရေစွန့်ခြင်း၊ ဝေဖန်ဆုံးဖြတ်မှုမီးဖိုချေင်၊သတ္တု တွင်းများနှင့်သတ္တုရိုင်း၊စက်ခန်း၊ ရေထွက်သောနေရာညအလုပ်သမားများလူသတ်မှု၊စုပေါင်းမကောင်းကြုံမှု၊ သပိတ်မှောက်မှု၊ ဒဏ်ရာအနာတရာ၊ စည်းရုံးဖွဲစည်းနိုင်သောစွမ်းအား၊ အုပ်ချုပ်နိုင်မှု၊ အရည်အချင်း၊ အလုပ်သမားများအပေါ်ခေါင်းဆောင်နိုင်ခြင်း၊ရဲနှင့်သက်ဆိုင်သောဌာန၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊
ဆေးရွက်၊ ပိုက်ဆံလျှော်၊ အပူလောင်ခြင်း၊ သွေးကြောများပြတ်သောရောဂါ၊ သွေးလွန်သောရောဂါ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မိန်းမဓမ္မတာမမှန်မှုနှင့်အကြောအဆစ်ကိုက်သောရောဂါစသည်တို့သိနိုင်သည်။ ။
မှတ်ချက်။ ။ထူလအန္တရဒသာစားရာ၌အားရှိအားမဲ့ဝေဖန်၍ အကောင်းအဆိုး သိနိုင်သည်။ ။
ဗုဒ္ဓဟူးဂြိုဟ်
ဗေဒင်အတတ်ပညာ၊ အတွက်သချာင်္အတတ်ပညာ ၊ဆေးအတတ်ပညာ ၊ဗိန္ဓောဆရာ၊ ဆရာဝန်၊ သဘင်ပညာ၊ အတီး၊ အမှုတ်၊ အဆို၊ အက၊ ဝါသနာထုံခြင်း၊ ရယ်မောခြင်း ၊ပြုံးရွှင်ခြင်း၊ ကြောက်စတ်ရှိခြင်း၊ ဘေးအန္တရာယ်၊ပျော်ပါးရွှင်မြူးခြင်း၊စကားပြောကျွမ်းကျင်ခြင်း၊ ရုပိအဆင်းအဂါင်္လှပတင့်တယ်ခြင်း၊ အသီးမသီးသောသစ်ပင်၊ အနွယ်ပင်၊ ဟဒယနှလုံး၊ ပန်းချီပညာ၊ ရုပ်ထု၊ ပန်းတိမ်၊ကာတွန်းဆရာ၊ ဝတ္တု ၊ဆောင်းပါး၊ရယ်ရွှင်ဘွယ်ဝတ္တု ၊ကူးသန်းရောင်းဝယ်ရေးပညာ၊ ရုပ်ပြောင်းခြင်း၊ သရုပ်ဆောင်ခြင်း၊အတတ်ပညာမယာပရိယာယ်ဖြင့်သွေးဆောင်သောဉာဏ်၊ဂုဏ်ကျက်သရေ၊နက်နဲသောအသိဉာဏ်၊ အထည်ပျက်ရွှေ၊ ဝတ်လုံတော်ရရှေ့နေ၊ စာကြည့်တိုက်၊စာနယ်ဇင်းများ၊စာအုပ်ထုပ်ဝေဖြန့်ချီခြင်း၊ သံအမတ်၊သိမှတ်တတ်သောဉာဏ်၊ဝေဖန်ဆုံးဖြတ်တတ်သောဉာဏ် ၊အနားဖြေရာပန်းခြံ၊ အလောင်းအစားပြု သောနေရာ၊ကုလားပဲ၊ဆီထွက်သောအစေ့များ၊မြရတနာကျောက်ခဲ၊ ကြီးကျယ်ခမ်းနားသောအဆောက်အအုံ၊ ကုန်သည်ပွဲစား ၊ရေလောင်ကန်၊ငွေကြေးသတ္တုစပ်ခြင်း၊ရင်အုပ်ပိုင်း၊ လျှာ၊အာရုံကြောအရေပါးရောဂါ၊လည်ပင်းကြီးရောဂါ၊စိတ်ရောဂါဖြင့်ရူးသွပ်ခြင်း၊ဆွံ့အခြင်းစသည်တို့ဖြစ်သည်။ ။
မှတ်ချက်။ ။ထူလအန္တရဒသာစသောအခါ အားရှိအားမဲ့ကိုဝေဖန်၍အကောင်းအဆိုးကိုသိရသည်။ ။
ကြာသပတေးဂြိုဟ်
စီးပွားရေး ၊ပညာရေး၊ဆရာ၊ငွေဝင်လမ်း၊အိမ်၊ရွှေ၊ဘုရားတရားကြည်ညိုခြင်း၊ သူတပါးအကျိုးဆောင်ပုရောဟိတ်ဆရာ၊ကိုယ်ပိုင်လုပ်ငန်း
ဖြစ်ထွန်းရေး၊တရားအားထုပ်ခြင်းထက်မြတ်သောဉာဏ်၊တိုင်ပင်ဆွေးနွေးခြင်း၊ စိတ်ထက်မြတ်စူးရှခြင်း၊မိတ်ဆွေသူငယ်ချင်း၊အသားအရေ၊ ဆင်ခြင်တုံတရားရှိခြင်း၊ တရားသူကြီး၊ဘဏ်အလုပ်နှင့်ဆိုင်ရာလုပ်ငန်း၊ငွေစာရင်းဌာန၊ကြိုတင်သိတတ်ခြင်း၊တရားနှင့်ပတ်သက်
သောပညာ၊ကျောက်ထည်ပစ္စည်း၊ရွှေငွေစုဆောင်းရာဌာန၊အသီးသီးသောသစ်ပင်၊ကြီးပွားချမ်းသာမှု၊ဂုဏ်သတင်းကျော်ဇော်မှု၊အကြံပေးကောင်းခြင်း၊အသက်အာမခံခြင်း၊အဆီများ၍ဖြစ်တတ်သောရောဂါ၊အသည်းနှင့်ဆိုင်သောရောဂါ၊ပြည်တည်သောအနာများနီ၍အသား
ပေါ်တွင်ယောင်လာသောရောဂါ၊အဆီဆုတ်ယုတ်၍ဖြစ်တတ်သောရောဂါ၊သွေးဖြူဆင်းသောရောဂါအစာမချေနိုင်သောရောဂါ၊စသည်တိုကိုသိနိုင်သည်၊။
မှတ်ချက်။ ။ထူလအန္တရဒသာစသောအခါ အားရှိအားမဲ့ ကိုဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။
သောကြာဂြိုဟ်
အိမ်ထောင်ရေး၊ လိင်နှင့်ပတ်သက်သောစာပေပညာ၊ကာမအာရုံ၊ ပန်းပွင့်ပန်းပင်၊ မျက်စေ့၊ ငွေ၊ကျောက်မျက်ရတနာနှင့်စီမံထားသောလက်ဝတ်တန်ဆာ၊သွားလာရေးနှင့်ပတ်သက်သောယာဉ်များ၊မျှော်စင်၊အဘိုးထိုက်တန်သောအဝတ်တန်ဆာ၊စပါး၊ အစာရေစာ၊တီးမှုတ်ခြင်းနှင့်သက်ဆိုင်သောပစ္စည်း၊တန်ဆာပလာများ၊ကိုယ်ကာယတောင့်တင်း၍ကျန်းမာခြင်း၊ မိမိစိတ်ဆန္ဒအတိုင်းပြုလုပ်ခြင်း၊မိမိကိုယ်ကိုအားကိုးခြင်း၊သီချင်းစပ်ခြင်း၊သီချင်းဆိခြင်း၊အတီးအမှုတ်၊အဆိုအကတီထွင်ခြင်း၊ကဗျာ၊လကာင်္၊တေးထပ်စပ်ချင်း၊ကျမ်းပြုခြင်း၊လူအပေါင်းတို့၏ပူဇော်ခံရခြင်း၊မှီခိုရဖြစ်ခြင်း၊စီးပွားချမ်းသာခြင်း၊ပြဇာတ်ဆရာ၊ရုပ်ရှင်ဒါရိုက်တာဝတ္တုနှင့်ဆောင်းပါးထုပ်ဝေသောအလုပ်များကာမ
ဂုဏ်ကိုတက်ကြွစေသောဝတ္တုနှင့်ဆောင်းပါးများရေးသောစာရေးဆရာ၊လောကီစည်းစိမ်ချမ်းသာကိုတိုးတက်အောင်ကြိုးစားအားထုတ်ခြင်း၊ ပစ္စည်းချမ်းသာသောဂုဏ်မာနရှိခြင်း၊အဖိုးထိုက်တန်သောတိုက်တာအဆောက်အအုံများ၊ပျော်ရွှင်မှုအတွက်ခရီးသွားခြင်း၊ဇိမ်ခံခြင်း၊ဆေးဝါးပစ္စည်း၊အမွှေးအကြိုင်၊ကာလသားရောဂါ၊အနံ့ခံအားနှင့်ဆိုင်သောရောဂါစသည်တိုကိုသိနိုင်သည်။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကိုဝေဖန်၍ အကောင်းအဆိုး သိနိုင်သည်။ ။

မွေးဖွားရာသီအဟော(၁)
မိဿ ရာသီဖွား
စိတ်အားထက်သန်သည် ၊မင်းနှင့်တူညီသောစည်းစိမ်းချမ်းသာနှင့်ပြည့်စုံမည် ၊စီးပွားရေးအောင်မြင်မည် ၊ဉာဏ်ပညာဗဟုသုတနှင့်ပြည်စုံမည် ၊ဆရာ၊မိဘကိုရိုသေလေးစားတတ်သည် ၊အလုပ်တစ်ခုလုပ်မည်ဆို ပြီးစီး အောင် မြင်သည်အထိလုပ်တတ်သည်၊စီးပွားရေးအောင်မြင်မည်၊စကားပြောလိမ္မာတတ်သည်၊ အကျင့်စာရိတ္တကောင်းတတ်သည်

ပြိဿ ရာသီဖွား
စိတ်သဘောထက်မြတ်သည်၊ မာနကြီးတတ်သည်၊ဂုဏ်ကျက်သရေရှိတတ်သည်၊ မည်သည့်ကိစ္စကိုမဆို အချိန်ယူလုပ်ကိုင်တတ်သည်၊ဒေါသကြီးတတ်သည်၊ သားသမီးအကျိုးကိုခံစားရတတ်သည်၊သည်းခံတတ်သည်ရဲစွမ်းသတ္တိ ရှိတတ်သည်၊မခံချင်စိတ်ရှိတတ်သည်၊သူတေူာ်ကောင်းလက္ခဏာနှင့်ပြည်စုံတတ်သည်၊ဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံတတ်၏။စီးပွားရေး အခြေအနေတေင်တင်း၍ဂုဏ်သရေအဆင့်အတန်းမြင့်တတ်သည်။အမျိုးအနွယ်နှင့်ဆွေမျိုးသားချင်းတို့၏ဂုဏ်ကိုမြင့်တင်ပေးသူဖြစ်တတ်သည်။အမြှော်အမြင်ဉာဏ်ပညာရှိသည်၊စီးပွားရှာဖွေရတွင်ကျွမ်းကျင်မည်။

မေထုန်ရာသီဖွား
အခြေအနေခိုင်မြဲသော လုပ်ငန်းကိုကြံစည်တတ်သည်အဆုံးအဖြတ်မြန်လွန်း၍အမှားအယွင်းရှိတတ်သည်။စိတ်ကူးယဉ်တတ်သည်။စီးပွားရေးကံညံ့တတ်သည်။စိုးရိမ်စိတ်များတတ်၏။စကားပြောကြမ်းတတ်၏။မည်သည့်ကိစ္စမဆိုနက်နက်နဲနဲ့ဝေဖန်ဆုံဖြတ်၍ရည်ရွယ်ချက်ချက်ရှိသည့်အတိုင်းမအောင်မချင်းပြုလုပ်ရင်အောင်မြင်မည်။

ကရကဋ်ရာသီဖွား
မွေးဖွားပြီး၁လအတွင်းပြင်းထန်းသောဖျားနာတတ်သည်။စီးပွားချမ်းသာမည်။စိတ်ကူးယဉ်တတ်သည်။အရာရာတွင်စိတ်ဆောင်သလောက်အလုပ်လုပ်ကိုင်ရာတွင်အေးစက်စက်ရှိတတ်၏။စိတ်ကူးစဉ်းစားမိသည့်အတိုင်းစိတ်အားထက်သန်စွာဆောင်ရွက်လုပ်ကိုင်တတ်သည်။အခြေအမြစ်ခိုင်မြဲတည်တန့်သောလုပ်ငန်မျိုးကိုအဗကာင်ထည်ပေါ်အောင်ဇွဲရှိရှိလုပ်ကိုင်တတ်သည်သီလသမာဓိရှိ၏မည်သည့်ကိစ္စကိုမဆိုဆောင်ရွက်လုပ်ကိုင်ရတွင်အချိန်ယူစဉ်းစားသဖြင့်ဒွိဟသံသယစိတ်ပေါ်တတ်သည်။
သိဟ်ရာသီဖွား
မင်းအစိုးရ၏ ကြည်ညိုခြင်းကိုခံရတတ်သည် ။မည်သည့်လုပ်ငန်းကိုမဆိုစိတ်အားထက်သန်စွာလုပ်ကိုင်တတ်သည် ။မခံချင်သောစိတ်အပြည့်အဝရှိတတ်သည်။စီးပွားဥစ္စာချမ်းသာတတ်သည်။မည်သည့်ပြဿ နာကိုမဆိုဝေဖန်ဆုံးဖြတ်ရာတွင်တိကျမှန်ကန်စွာ သဘဝကျကျဝေဖန်ဆုံးဖြတ်သည်ကြံစည်လုပ်ကိုင်ရာတွင်လည်းရှေ့နောက်ဝေဖန်ပြီးလုပ်ကိုင်တတ်သည်။ ဘာသာရေးတရားကိုကြည်ညိုလေးစားတတ်သည်.။ သဘာဝနှင့်ဆန့်ကျင်သော သူကို အမှန်တရားဖြင့်ဝေဖန်၍ ပြင်းပြင်းထန်ထန် အတုက်အခံလုပ်တတ်သည်။စီးပွားရေးကံကောင်းသည်။သားသမီး အချွေအရံပေါများသည်။စိတ်ကူးဉာဏ်ကောင်းသည်။ ။

ကန်ရာသီဖွား
စူးရှထက်မြတ်သောအသိဉာဏ်ရှိတတ်သည် ရန်သူကိုအနိုင်ရတတ်သည် ။မည်သည့်လုပ်ငန်းကိုမဆိုကျွမ်းကျင်နားလည်သော်လည်းစည်းစနစ်ကျအောင်မလုပ်တတ်သောကြောင့် မိမိရသင့်ရထိုက်သောအခွင့်အရေးကောင်းများလက်လွတ်တတ်သည်။ စီးပွားဥစ္စာချမ်းသားရမည် တိုးတက်အောင်မြင်လိုသောစိတ်ရှိသော်ကြောင့်အောင်မြင်ရမည် အကြံအစည် ပြုရာတွင်အေးစက်စက်ရှိတတ်သည် ဦးဏှောက် အေးအေးဖြင့်အောင်မြင်သည်အထိလုပ်ကိုင်ဆောင်ရွက်ရာတွင်အောင်မြင်မည်။

တူရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်သည် ။ခေါင်းမာ၏ ။မစဟုတ်မခံစိတ်ရှိ၍ အလုပ်အကိုင်အကိုင်တို့ကိုကြံစည်လုပ်ကိုင်ရာတွင် အောင်မြင်သည်အထိဇွဲရှိရှိနှင့်ကြိုးစားလုပ်ကိုင်တတ်သည်။ အခက်အခဲနှင့်ကြုံတွေ့သောအခါနှောက်ဆုတ်ခြင်းမရှိပါ။ မိမိရည်ရွယ်ချက်ထားသည့်အတိုင်လုပ်ကိုင်တတ်သည်။ စီးပွားရေးမှာ စိတ်အားထက်သန်မှုရှိသည်။စီးပွားရေးအခက်အခဲ မကြာခဏ ရင်ဆိုင်ရတတ်သည် ။လုံးလဝီရီယအားရှိသည်။ မခံချင်စိတ် အားကြီးတတ်သည် ။မည်သည့်ကိစ္စကိုမဆိုဆောင်ရွက်လုပ်ကိုင်ရတွင်ထိရောက်စွာလုပ်ကိုင်တတ်သည်။

ဗြိစ္ဆာရာသီဖွား
စီးပွားဥစ္စာချမ်းသားတတ်သည်။ သည်းခံစိတ်ရှိသည်။မည်သည့်ကိစ္စကိုမဆို ရုတ်တရက်ဆုံးဖြတ်ခြင်းမရှိပါ။ဦးဏှောက် အေးအေးဖြင့်စဉ်းစဉ်းစားစားဝေဖန်ပြီးနှောက်လုပ်ကိုင်ရာတွင် အနှေးအမြန်သဘောမထားပဲမှန်မှန်လုပ်ကိုင်တတ်သည်။ ဘုန်းတန်ခိုး ကြီး၍ ကျော်စောထင်ရှားတတ်သည်။ မည်သည့်အကြောင်းအရာကိုမဆိုဆောင်ရွက်လုပ်ကိုင်ရမည်ဆိုလျှင်သဘာဝကျကျနက်နက်နဲနဲဝေဖန်ဆုံးဖြတ်ပြီးထိရောက်စွာအောင်မြင်စေလိုသောဆန္ဒရှိသဖြင့်စိတ်အားထက်ထက်သန်သန်လုပ်ကငိုတတ်သည်။ဂုဏ်ကျက်သရေနှင့်ပြည့်စုံမည်။ အမျိုးအနွယ်ထဲတွင်ထင်ပေါ်ကျော်စောတတ်သည်။ သည်းခံတတ်သောသဘောရှိ၏။သည်းမခံနိုင်သောအခါဒေါသကြီးခြင်းကိုအပြင်မထွက်စေပဲမျိုသိပ်တတ်ပြီးရင်ထဲမှာပူဆွေးနေတတ်သည်။

ဓနုရာသီဖွား
ထက်မြတ်စူးရှသောအသိဉာဏ်ရှိသည်။ မိမိရည်ရွယ်ချက်ထားရှိသည့်အတိုင်းဇွဲရှိရှိနှသ်အထမြောက်အောင်မြင်သည့်အထိလုပ်ကိုင်တတ်သည်။ခေါင်းမာ၍မာနကြီးတတ်သည်။ စိတ်ကူးယဉ်သဘောထားရှိ၍မည်သည့်ကိစ္စကိုမဆိုထထကြွကြွလုပ်ကိုင်လေ့မရှိသဖြင့်မိမိရသင်ရထိုက်သောအခွင့်အရေးကောင်းတို့သည်ဆုတ်ယုတ်သွားတတ်သည်။ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေတခြာသူတု့၏အကြံဉာဏ်ကိုလက်မခံပဲမိမိရည်ရွယ်ချက်ရှိသည့်အတိုင်လုပ်ကိုင်တတ်သည်
မကာရရာသီဖွား
စိတ်မြန်သလောက်ဝေဖန်ဆုံဖြတ်ရာတွင်လျင်မြန်ခြင်းမရှိပါ။ စိတ်တိုဒေါသကြီးတတ်သည် ထိန်းချုပ်နိုင်ပါသည်။ဆရာသမားဂုဏ်ကျေးဇူးကိုသိတတ်သည်။ ဝေဖန်ဆုံးဖြတ်ရာတွင်ငဘာဝကျကျဝေဖန်တတ်သည်။ မည်သည့်ကိစ္စကိုမဆို လုပ်ကိုင်ရာတွင် စိတ်အားထက်သန်စွာဖြင့်ထိထိရောက်ရောက်လုပ်ကိုင်တတ်သည်။အကျင့်သီလကောင်းသည်။ အတိုက်အခံစိတ်ကင်းပြီးငြိမ်းချမ်းရေးကိုဦးစားပေးတတ်သဖြင့် ပဠိပက္ခမှုကိုပြေလည်အောင်ဆုံးဖြတ်တတ်သည်။ ဇွဲသတ္တိကောင်းသည်။ အခြေအမြစ်ခိုင်မြဲသောလုပ်ငန်းကိုကြံစည်လုပ်ကိုင်တတ်သည်။ဘုရးတရားကိုကြည်ညိုလေးစားတတ်သည်။
ကုမ်ရာသီဖွား
မိမိရည်ရည်ရွယ်ချက်ရှိသည့်အတိုင်စိတ်အားထက်သန်၍ထိရောက်စွာလုပ်ကိုင်တတ်သည်။ ဂုဏ်ကျက်သရေနှင်ပြည်စုံမည်။ ဇွဲလုံ့ လ ရှိသည်။သားသမီးအကျိုးခံစားရတတ်သည်။ စဉ်းစာဝေဖန်ပြီးအလုပ်လုပ်ကိုင်တတ်သည်။ ဉာဏ်ပညာထက်မြတ်သည်။စီးပွားရေးလုပ်ကိုင်ရတွင်မိမိကိုယ်ကိုယ် မိမိအားပေးပြီးလုပ်ကိုင်လေရှိသည်။သူတော်ကောင်းစိတ်ရှိသည်။ရုတ်တရက်ဒေါသကြီးတတ်သည်။ နက်နက်နဲနဲဝေဖန်ပြီးမြန်သည်နှေးသည်သဘောမထားပဲတာဝန်ရှိသည့်အတိုင်းမှန်မှန်လုပ်ဆောင်တတ်သည်။ ။
မိန်ရာသီဖွား
စီးပွားဥစ္စာ ချမ်းသာတတ်သည်။ သနားကြင်နာတတ်သောစိတ်ရှိသည်။ အလုပ်ကိုအမြန်ပြီးစေချင်သောလည်းစိတ်ကူးနယ်ချဲ့လျက်နေတတ်သည်။ မိမိရည်ရွယ်ချက်ရှိသည့်ကိစ္စကိုဆောင်ရွက်လုပ်ကိုင်ရတွင်စိတ်အလိုမကျ၍မူလရည်ရွယ်ချက်မပြီးပြတ်ခင်နောက်ရည်ရွယ်ချက်တခုသို့ပြောင်းလဲသွားတတ်သည်။ အလုပ်အကိုင် လုပ်ကိုင်ရတွင် လျို့ဝှက်တတ်သောစိတ်သဘောထားရှိသည်။အေးစက်စက်နှင်လုပ်ကိုင်တတ်သည်။ ငွေအကုန်အကျများတတ်သည်။ စိုးရိမ်ပူပန်တတ်၏။ အရာရာတွင်အောင်မြင်အောင်ကြိုးစားယူတတ်သည်။ လောကီရေးရာထက်လောကုတ္တရာရေးရာတွင်အာရုံစူးစိုက်တတ်သည်

Subscribe to:
Posts (Atom)