တနင်္ဂနွေဂြိုဟ်
တိုင်ပြည်၊ဘုရင်နန်းတော်၊သစ်တော၊တောင်တန်း၊ဒေသ၊နီသောအဝတ်၊ပတ္တမြား၊ကျောက်နီ၊နယ်မြေ၊အကျင့်စာရိတ္တ၊ကျန်းမာခြင်း၊လွင်ပြင်မြေ၊အထက်လူကြီး၊ဂုဏ်အသရေရှိလူတန်းစာ၊တရားဥပဒေဆိုင်ရာပုဂ္ဂိုလ်များ၊တရားသူကြီး၊အခြားသူတို့ကိုဆွဲဆောင်မှု၊စိတ်တန်ခိုး၊အကြောအမြှင်တို့၏အား၊စိတ်လှုပ်ရှားခြင်း၊ဂုဏ်သတင်းကျော်စောမှု၊မြို့တော်များ၊ဦးခေါင်း၊ဝမ်ဗိုက်၊နှလုံး၊အူ၊သွေးကြောများ၊သွေးလည်ပတ်မှု၊မျက်စိ၊ဦးဏှောက်၊အာခေါင်၊သရက်ရွက်၊သွေးတိုးရောဂါ၊အပြင်းဖျားခြင်း၊ဦးဏှောက်ပျက်ခြင်း၊နား.နှာခေါင်း.လည်ချောင်းတို့တွင်ကူးစက်တတ်သောရောဂါများဖြစ်ခြင်း၊တဖြေးဖြေးပိန်ခြောက်သောအနာမျိုး၊ဝမ်းရောဂါ၊လောင်စာ၊သားရေ၊သိုးမွေး၊အဆိပ်၊ဆေးဝါးပစ္စည်း၊ဂျုံ၊မင်းမှုထမ်းများ၊စသည်တို့ဖြစ်သည်၊၊
မှတ်ချက် ။ ။
ထူလ အန္တရဒသာစားသောအခါအားရှိအားမဲ့ဝေဖန်၍ အားကောင်းလျှင် အကျိုးပေးမည်။အားနည်းလျှင်အညံ့ဟောနိုင်သည်။ ။
တနင်္လာဂြိုဟ်
ကိုယ်ခန္ဓဆူဖြိုးခြင်း၊မွေးကြိုင်သောပစ္စည်း၊အနံ့ခံခြင်း၊အရသာနှင့်ပတ်သက်ခြင်း၊ သွားလာခြင်း၊ လမ်း၊ မင်းအကျိုးဆောင်ခြင်း၊ ဗြဟ္မဏ အကျင့်အားသန်ခြင်း၊ အလုပ်အကိုင် ၊မျိုးစေ့စပါး၊ ငွေ ၊ပန်း၊ သစ်သီး၊ အလိုဆန္ဒ၊ စိတ်ဖြင့်သိမှတ်တတ်သောဉာဏ်၊ နှလုံး ၊ အလှအပ၊ အသက်ရပ်တည်မှု အတွက်အရေးကြီးသောအားနှင့်သွေးအား၊ အရေရွှမ်းသောသစ်သီး၊ဟင်း သီးဟင်းရွက်၊သီးနှံပင်များ၊မိုးရွာခြင်း၊ ဆေးဝါးပစ္စည်းများ၊ အရက်၊ နွားနို့ ၊မုယောစပါးဂျုံ ၊ကြံပင်၊ ပုလဲ၊ ကူးစက်တတ်သောရောဂါ၊ ကာလသားရောဂါ၊ နှာစေး၊ချောင်းဆိုး၊အသားဝါရောဂါ၊ နှာခေါင်းယောင်ခြင်း၊ ကိုယ်ဝန်ဆောင်မှု၊ သားဖွားခြင်းဝေဒနာ၊ ဝမ်းရောဂါ၊ အစာအိမ်ပျက်သောရောဂါ၊ လည်ချောင်းချွဲကပ့သောရောဂါ၊ ကိုယ်တပိုင်းသေရောဂါ၊ အရေပါးရောဂါ၊ သွေးပြန်ကြောများ၊ အာရုံကြော၊ ဦးဏှောက် ၊အဆီ၊ဝမ်းဗိုက်၊ သားအိမ်၊ ဆီးအိမ်၊ရင်အုံစသည်တို့အတွက်ဖြစ်သည်။ ။
မှတိချက်။ ။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ဝေဖန်၍အကောင်းအဆိုးသိနိုင်သည် ။ ။
အင်္ဂါ ဂြိုဟ်
ပင်ပန်းခံနိုင်ခြင်း၊ စွန့်စားရသောအလုပ်၊ လုံ့ လ ဝီရိယ၊အိမ်ဝင်းခြံ၊ လ်ာယာမြေ၊ အိမ်မြေရာ၊သူခိုး၊ရောဂါ၊မင်းအစိုးရ၏ရန်သူ၊ဆူးများသာသစ်ပင်၊ သားသမီးအကျိုးခံစားခြင်းအခြေလေးချောင်း၊စစ်ပွဲ၊ စစ်မြေပြင်၊ အငြင်းပွားမှု၊စစ်တပ်စက်ကရိယာနှင့်စစ်လက်နက်ပစ္စည်း၊ခြေသလုံးအရိုး၊လွတ်လပ်ရေး၊လက်ချောင်းများ၊ ကျင်ငယ်ရေစွန့်ခြင်း၊ ဝေဖန်ဆုံးဖြတ်မှုမီးဖိုချေင်၊သတ္တု တွင်းများနှင့်သတ္တုရိုင်း၊စက်ခန်း၊ ရေထွက်သောနေရာညအလုပ်သမားများလူသတ်မှု၊စုပေါင်းမကောင်းကြုံမှု၊ သပိတ်မှောက်မှု၊ ဒဏ်ရာအနာတရာ၊ စည်းရုံးဖွဲစည်းနိုင်သောစွမ်းအား၊ အုပ်ချုပ်နိုင်မှု၊ အရည်အချင်း၊ အလုပ်သမားများအပေါ်ခေါင်းဆောင်နိုင်ခြင်း၊ရဲနှင့်သက်ဆိုင်သောဌာန၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊
ဆေးရွက်၊ ပိုက်ဆံလျှော်၊ အပူလောင်ခြင်း၊ သွေးကြောများပြတ်သောရောဂါ၊ သွေးလွန်သောရောဂါ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မိန်းမဓမ္မတာမမှန်မှုနှင့်အကြောအဆစ်ကိုက်သောရောဂါစသည်တို့သိနိုင်သည်။ ။
မှတ်ချက်။ ။ထူလအန္တရဒသာစားရာ၌အားရှိအားမဲ့ဝေဖန်၍ အကောင်းအဆိုး သိနိုင်သည်။ ။
ဗုဒ္ဓဟူးဂြိုဟ်
ဗေဒင်အတတ်ပညာ၊ အတွက်သချာင်္အတတ်ပညာ ၊ဆေးအတတ်ပညာ ၊ဗိန္ဓောဆရာ၊ ဆရာဝန်၊ သဘင်ပညာ၊ အတီး၊ အမှုတ်၊ အဆို၊ အက၊ ဝါသနာထုံခြင်း၊ ရယ်မောခြင်း ၊ပြုံးရွှင်ခြင်း၊ ကြောက်စတ်ရှိခြင်း၊ ဘေးအန္တရာယ်၊ပျော်ပါးရွှင်မြူးခြင်း၊စကားပြောကျွမ်းကျင်ခြင်း၊ ရုပိအဆင်းအဂါင်္လှပတင့်တယ်ခြင်း၊ အသီးမသီးသောသစ်ပင်၊ အနွယ်ပင်၊ ဟဒယနှလုံး၊ ပန်းချီပညာ၊ ရုပ်ထု၊ ပန်းတိမ်၊ကာတွန်းဆရာ၊ ဝတ္တု ၊ဆောင်းပါး၊ရယ်ရွှင်ဘွယ်ဝတ္တု ၊ကူးသန်းရောင်းဝယ်ရေးပညာ၊ ရုပ်ပြောင်းခြင်း၊ သရုပ်ဆောင်ခြင်း၊အတတ်ပညာမယာပရိယာယ်ဖြင့်သွေးဆောင်သောဉာဏ်၊ဂုဏ်ကျက်သရေ၊နက်နဲသောအသိဉာဏ်၊ အထည်ပျက်ရွှေ၊ ဝတ်လုံတော်ရရှေ့နေ၊ စာကြည့်တိုက်၊စာနယ်ဇင်းများ၊စာအုပ်ထုပ်ဝေဖြန့်ချီခြင်း၊ သံအမတ်၊သိမှတ်တတ်သောဉာဏ်၊ဝေဖန်ဆုံးဖြတ်တတ်သောဉာဏ် ၊အနားဖြေရာပန်းခြံ၊ အလောင်းအစားပြု သောနေရာ၊ကုလားပဲ၊ဆီထွက်သောအစေ့များ၊မြရတနာကျောက်ခဲ၊ ကြီးကျယ်ခမ်းနားသောအဆောက်အအုံ၊ ကုန်သည်ပွဲစား ၊ရေလောင်ကန်၊ငွေကြေးသတ္တုစပ်ခြင်း၊ရင်အုပ်ပိုင်း၊ လျှာ၊အာရုံကြောအရေပါးရောဂါ၊လည်ပင်းကြီးရောဂါ၊စိတ်ရောဂါဖြင့်ရူးသွပ်ခြင်း၊ဆွံ့အခြင်းစသည်တို့ဖြစ်သည်။ ။
မှတ်ချက်။ ။ထူလအန္တရဒသာစသောအခါ အားရှိအားမဲ့ကိုဝေဖန်၍အကောင်းအဆိုးကိုသိရသည်။ ။
ကြာသပတေးဂြိုဟ်
စီးပွားရေး ၊ပညာရေး၊ဆရာ၊ငွေဝင်လမ်း၊အိမ်၊ရွှေ၊ဘုရားတရားကြည်ညိုခြင်း၊ သူတပါးအကျိုးဆောင်ပုရောဟိတ်ဆရာ၊ကိုယ်ပိုင်လုပ်ငန်း
ဖြစ်ထွန်းရေး၊တရားအားထုပ်ခြင်းထက်မြတ်သောဉာဏ်၊တိုင်ပင်ဆွေးနွေးခြင်း၊ စိတ်ထက်မြတ်စူးရှခြင်း၊မိတ်ဆွေသူငယ်ချင်း၊အသားအရေ၊ ဆင်ခြင်တုံတရားရှိခြင်း၊ တရားသူကြီး၊ဘဏ်အလုပ်နှင့်ဆိုင်ရာလုပ်ငန်း၊ငွေစာရင်းဌာန၊ကြိုတင်သိတတ်ခြင်း၊တရားနှင့်ပတ်သက်
သောပညာ၊ကျောက်ထည်ပစ္စည်း၊ရွှေငွေစုဆောင်းရာဌာန၊အသီးသီးသောသစ်ပင်၊ကြီးပွားချမ်းသာမှု၊ဂုဏ်သတင်းကျော်ဇော်မှု၊အကြံပေးကောင်းခြင်း၊အသက်အာမခံခြင်း၊အဆီများ၍ဖြစ်တတ်သောရောဂါ၊အသည်းနှင့်ဆိုင်သောရောဂါ၊ပြည်တည်သောအနာများနီ၍အသား
ပေါ်တွင်ယောင်လာသောရောဂါ၊အဆီဆုတ်ယုတ်၍ဖြစ်တတ်သောရောဂါ၊သွေးဖြူဆင်းသောရောဂါအစာမချေနိုင်သောရောဂါ၊စသည်တိုကိုသိနိုင်သည်၊။
မှတ်ချက်။ ။ထူလအန္တရဒသာစသောအခါ အားရှိအားမဲ့ ကိုဝေဖန်၍ အကောင်းအဆိုး ကိုသိနိုင်သည်။ ။
သောကြာဂြိုဟ်
အိမ်ထောင်ရေး၊ လိင်နှင့်ပတ်သက်သောစာပေပညာ၊ကာမအာရုံ၊ ပန်းပွင့်ပန်းပင်၊ မျက်စေ့၊ ငွေ၊ကျောက်မျက်ရတနာနှင့်စီမံထားသောလက်ဝတ်တန်ဆာ၊သွားလာရေးနှင့်ပတ်သက်သောယာဉ်များ၊မျှော်စင်၊အဘိုးထိုက်တန်သောအဝတ်တန်ဆာ၊စပါး၊ အစာရေစာ၊တီးမှုတ်ခြင်းနှင့်သက်ဆိုင်သောပစ္စည်း၊တန်ဆာပလာများ၊ကိုယ်ကာယတောင့်တင်း၍ကျန်းမာခြင်း၊ မိမိစိတ်ဆန္ဒအတိုင်းပြုလုပ်ခြင်း၊မိမိကိုယ်ကိုအားကိုးခြင်း၊သီချင်းစပ်ခြင်း၊သီချင်းဆိခြင်း၊အတီးအမှုတ်၊အဆိုအကတီထွင်ခြင်း၊ကဗျာ၊လကာင်္၊တေးထပ်စပ်ချင်း၊ကျမ်းပြုခြင်း၊လူအပေါင်းတို့၏ပူဇော်ခံရခြင်း၊မှီခိုရဖြစ်ခြင်း၊စီးပွားချမ်းသာခြင်း၊ပြဇာတ်ဆရာ၊ရုပ်ရှင်ဒါရိုက်တာဝတ္တုနှင့်ဆောင်းပါးထုပ်ဝေသောအလုပ်များကာမ
ဂုဏ်ကိုတက်ကြွစေသောဝတ္တုနှင့်ဆောင်းပါးများရေးသောစာရေးဆရာ၊လောကီစည်းစိမ်ချမ်းသာကိုတိုးတက်အောင်ကြိုးစားအားထုတ်ခြင်း၊ ပစ္စည်းချမ်းသာသောဂုဏ်မာနရှိခြင်း၊အဖိုးထိုက်တန်သောတိုက်တာအဆောက်အအုံများ၊ပျော်ရွှင်မှုအတွက်ခရီးသွားခြင်း၊ဇိမ်ခံခြင်း၊ဆေးဝါးပစ္စည်း၊အမွှေးအကြိုင်၊ကာလသားရောဂါ၊အနံ့ခံအားနှင့်ဆိုင်သောရောဂါစသည်တိုကိုသိနိုင်သည်။ ။
မှတ်ချက်။ ထူလအန္တရဒသာစားရာ၌ အားရှိအားမဲ့ ကိုဝေဖန်၍ အကောင်းအဆိုး သိနိုင်သည်။ ။
Harrah's Cherokee Casinos & Gaming | MapYRO
ReplyDeleteHarrah's Cherokee 정읍 출장마사지 Casinos & Gaming locations, 경상남도 출장샵 rates, 양산 출장샵 amenities: expert 서귀포 출장안마 Cherokee research, only at Hotel 양주 출장마사지 and Travel Index.